Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

27 of 253 cards

Clear filters
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားသဖြင့် ခရီးမသွားနိုင်ပါ။ သို့ဖြစ်၍ ကျွန်တော်မျိုးအား စီးနင်းစရာ ပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က ငါကိုယ်တော်၌မရှိပါဟု ပြောကြားခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ် အရွံမုန်းဆုံးသူမှာ အလွန်ပြဿနာရှာတတ်သူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နှုတ်လျှာကြမ်းတမ်းသူ မဟုတ်သလို စက်ဆုပ်ဖွယ်ရာများကို ပြောဆိုသူလည်း မဟုတ်ပေ။ ကိုယ်တော်က မိန့်ကြားလေ့ရှိသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက် အကောင်းဆုံးသူသည် ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။ သာဝကကြီးများက ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကိုယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအားမတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ပစ္စည်းဥစ္စာကိုစားခြင်း၊ စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင် ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဧကန်မုချ တရားမျှတသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ကြီးကျယ် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင် နူရ်အလင်းရောင်နှင့်အတိပြီးသော ပလ္လင်များထက်ဝယ်ရှိကြလိမ့်မည်။အလ္လာဟ်အရှင်မြတ်၏ လက်တော်နှစ်ဘက်သည် လက်ယာပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အမိန့်ဆုံးဖြတ်ချက်၌လည်းကောင်း၊ မိမိတို့၏ မိသားစုများတွင်လည်းကောင်း၊ မိမိတို့ တာဝန်ယူရသည့် ကိစ္စတို့၌လည်းကောင်း တရားမျှတမှုရှိကြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကုန်းချောသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့ (မကောင်း) ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ့်ကြောင့်ဆိုသော (မကောင်း) ထင်မြင်ခြင်းသည် အလိမ်လည်ဆုံးစကားပင်ဖြစ်သည်။ အသင်တို့သည် (တစ်ဦးတစ်ယောက်အား) အပြစ်မရှာကြနှင့်၊ စူးစမ်းထောက်လှမ်းခြင်း မပြုကြနှင့်၊ တစ်ဦးကိုတစ်ဦး မနာလိုမဖြစ်ကြနှင့်၊ တစ်ဦးကိုတစ်ဦး ကျောမခိုင်းကြနှင့်၊ တစ်ဦးကိုတစ်ဦး မမုန်းတီးကြနှင့်၊ အို အလ္လာဟ်အရှင်မြတ်၏ ကျွန်အပေါင်းတို့ အသင်တို့ညီနောင်များဖြစ်ကြပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း