Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

6 of 253 cards

Clear filters
ဆွေမျိုးအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်ဆံသူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဟူသည် ဆွေမျိုးများက အဆက်အသွယ် ဖြတ်လိုက်သည့်အခါ ပြန်ဆက်သွယ်သူဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ကဇအ်) ဆံပင်တချို့ကိုရိတ်ပြီး တချို့ကိုမရိတ်ဘဲထားခြင်းကို တားမြစ်တော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အုပ်ထိန်းသူမပါဘဲ နိကာဟ်ထိမ်းမြားမှု အထမြောက်မည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အမျိုးသမီးများနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ဧကန်အမှန်ပင် ဗနီအစ္စရာအီးလ်တို့၌ ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့် ‘ဖိသ်နဟ်’ ပြဿနာမှာ အမျိုးသမီးများနှင့် ပတ်သက်၍ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟု အလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့အား ခွသ်ဗသွလ်ဟာဂျဟ် (တစ်စုံတစ်ရာ ပြောကြားရန် လိုအပ်သည့်အခါ ဟောကြားရသည့် ခွသ်ဗဟ်)ကို သင်ကြားပေးခဲ့သည်။ ၎င်းမှာ - ဧကန်အမှန်ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါသည်။ အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါသည်။ ကျွန်တော်မျိုးတို့သည် မိမိတို့၏ မကောင်းမှုများမှ အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါသည်။ အလ္လာဟ်အရှင်မြတ်က လမ်းမှန်တရားချီးမြှင့်လိုက်သူအား လမ်းမှားအောင် လုပ်နိုင်မည့်သူဟူ၍ မရှိပါ။ အရှင်မြတ်က လမ်းမှားစေသူကိုလည်း လမ်းမှန်တရား ချီးမြှင့်ပေးနိုင်သူဟူ၍လည်း မရှိပါ။ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ထို့ပြင် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ အစေတော်နှင့် ရစူလ်စေတမန်တော် ဖြစ်တော်မူကြောင်းကိုလည်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။ (အို- မနုဿလူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေ) ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို(လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊ မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည် ထိုအရှင်မြတ်အားအကြောင်းပြု၍ မိမိတို့အချင်းချင်း (မိမိတို့၏အခွင့်အရေးများကို) တောင်းဆိုကြကုန်၏။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးညာတကာ (တို့၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာစေခြင်း) မှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ် ကြီးကြပ်၊ ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။) ကုရ်အာန် (၄:၁) (အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မွတ်စ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။) ကုရ်အာန် (၃:၁၀၂) (အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် တည်ကြည် ဖြောင့်မတ်သောစကားကို ပြောဆိုကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာအောင်မြင်ပြီး ဖြစ်မည်တကား။) ကုရ်အာန် (၃၃:၇၀၊၇၁)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း