Skip to content

အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။

အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။

«أَفْضَلُ الذِّكْرِ: لَا إِلَهَ إِلَّا اللهُ، وَأَفْضَلُ الدُّعَاءِ: الْحَمْدُ لِلهِ».

သိရ်မိဇီကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်)က “အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုကလိမဟ်တော်၏ အဓိပ္ပါယ်မှာ - အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိ ဟူ၍ ဖြစ်သည်။ ထို့အတူ “အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် လှပပြည့်စုံသည့် ဂုဏ်တော်အပါင်းကို ပိုင်ဆိုင်တော်မူသော၊ ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သာလျှင် နိအ်မသ် စည်းစိမ်များကို ချီးမြှင့်တော်မူသောအရှင်ဖြစ်ကြောင်း ဝန်ခံပြောကြားခြင်းဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကလိမဟ်သောင်ဟီးဒ် ‘လာအိလာဟ အိလ္လလ္လာဟ်’နှင့် ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဒုအာကို မြားမြောင်စွာ ရွတ်ဖတ်ရန် တိုက်တွန်းထားသည်။

ပြန်လည်စစ်ဆေးသူ

စုနန်သိရ်မိဇီကျမ်း (5/ 393) (3383).

ထပ်၍ (4)

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (2/ 984).

زاد المعاد في هدي خير العباد.

ابن قيم الجوزية (1/ 36).