Skip to content

نص الموضوع

هو نية الدخول في النسك؛ ففي الحج هو: نية الدخول في الحج، وفي العمرة هو نية الدخول في العمرة. ولا يكون مُحرمًا إلا إذا نوى الدخول في النسك. وأما مجرد لبس ثياب الإحرام بدون نية فلا يكون إحرامًا. مستحبات الإحرام: 1- الاغتسال قبل الإحرام لجميع بدنه. 2- تطيب الرجل في بدنه، لا في ملابس إحرامه. 3- إحرامه في إزار ورداء أبيضين ونعلين. 4- أن يحرم حال كونه راكبًا مستقبلاً القبلة. أنواع النسك: يُخَيَّر المُحرم فيما شاء من الأنساك الثلاثة، وهي: 1- التمتع؛ وهو أن يحرم بالعمرة في أشهر الحج، ويفرغ منها، ثم يحرم بالحج في عامه. 2- الإفراد؛ وهو أن يحرم بالحج فقط من الميقات، ويبقى على إحرامه حتى يؤدي أعمال الحج. 3- القِران؛ وهو أن يحرم بالحج والعمرة معًا، أو يحرم بالعمرة، ثم يدخل عليها الحج قبل شروعه في طوافها، فينوي العمرة والحج من الميقات، أو قبل الشروع في طواف العمرة، ويطوف لهما ويسعى. وعلى المتمتع والقارن فدية، إن لم يكن من حاضري المسجد الحرام. وأفضل هذه الأنساك الثلاثة: التمتع؛ لأن النبي ﷺ أمر به أصحابه[1]. ثم القِران؛ لأنه حج وعمرة، ثم الإفراد. ج) فإذا أحرم بأحد هذه الأنساك؛ لبّى عقب إحرامه، فيقول: «لَبَّيْكَ اللَّهُمَّ لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ» [2]. وهي سنة، ويستحب الإكثار منها، ويجهر بها الرجل، وتُسِرُّ بها النساء. وقتها: يبدأ وقتها من بعد الإحرام، وآخر وقتها كما يلي: أولاً: يقطعها المعتمر قبل أن يبدأ الطواف. ثانيًا: يقطعها الحاج إذا بدأ في رمي جمرة العقبة يوم العيد. محظورات الإحرام: المحظور الأول: حلق الشعر أو قصه أو نتفه من أي موضع من بدنه. المحظور الثاني: تقليم الأظفار أو قصها من يد أو رجل بلا عذر، فإن انكسر ظفر فأزاله فلا فدية عليه. المحظور الثالث: تغطية رأس الذكر بملاصق له، مثل: الطاقية والغترة. المحظور الرابع: لبس الذكر المخيط على بدنه أو بعضه؛ من قميص أو عمامة أو سراويل. والمخيط: ما عُمِلَ على قدر العضو كالخفين والقفازين والجوارب، وأما المرأة فتلبس من الثياب ما شاءت حال الإحرام لحاجتها إلى الستر، إلا أنها لا تلبس البرقع، وتغطي وجهها بغيره من الخمار والجلباب إذا مر بها الرجال الأجانب، ولا تلبس القفازين على كفيها. المحظور الخامس: الطِّيب؛ لأن المحرم مطلوب منه أن يبتعد عن الترفه وزينة الدنيا وملاذها، ويتجه إلى الآخرة. المحظور السادس: قتل صيد البر واصطياده، فالمحرم لا يصطاد صيدًا بريًّا، ولا يعين على صيده، ولا يذبحه. ويَحرُمُ على المُحرِم الأكل مما صاده، أو صِيدَ لأجله، أو أعان على صيده؛ لأنه كالميتة بالنسبة له. وأما صيد البحر؛ فلا يحرم على المحرم اصطياده. ولا يحرم عليه ذبح الحيوان الإنسي كالدجاج وبهيمة الأنعام؛ لأنه ليس بصيد. المحظور السابع: عقد النكاح لنفسه أو لغيره، أو أن يكون شاهدًا. المحظور الثامن: الجماع؛ فمن جامع قبل التحلل الأول؛ فسد نسكه، ويلزمه المضي وإكمال مناسكه، ويقضيه ثاني عام، وعليه ذبح بدنة. وإن كان بعد التحلل الأول؛ لم يفسد نسكه، وعليه دم. والمرأة في ذلك كالرجل إن كانت مطاوعة. المحظور التاسع: المباشرة دون الفرج، فلا يجوز للمحرم مباشرة المرأة، لأنها وسيلة إلى الوطء المُحَرَّم، والمراد بالمباشرة: ملامسة المرأة بشهوة.

أخرجه مسلم برقم (1211).

أخرجه البخاري، برقم (1549).

၎င်းသည် ဟဂ်ျ သို့မဟုတ် အွမ်ရာ ကျင့်စဥ်သို့ ဝင်ရောက်ကြောင်း နိယသ်ပြုခြင်းဖြစ်သည်။

ဟဂ်ျတွင် အိဟ်ရာမ်သည်၊ ဟဂ်ျကျင့်စဉ်သို့ ဝင်ရောက်ရန် နီယသ်ပြုလုပ်ခြင်း၊

အွမ်ရာ၌မူ အွမ်ရာကျင့်စဉ်ကို ဝင်ရောက်ရန် နီယသ်ပြုလုပ်ခြင်းဖြစ်သည်။

ဟဂ်ျ သို့မဟုတ် အွမ်ရာ၏ ကျင့်စဉ်သို့ ဝင်ရောက်ရန် နီယသ်ပြုလုပ်မှသာလျှင် အိဟ်ရာမ်ပြုသူ ဖြစ်ပေမည်။

သို့သော် နီယသ် မပါဘဲ အိဟ်ရာမ်ဝတ်စုံကို ဝတ်ဆင်ရုံမျှဖြင့် အိဟ်ရာမ် မဖြစ်ပေ။

အိဟ်ရာမ်ပြုရာတွင် မွတ်စ်သဟဗ်ဖြစ်သောအချက်များ၊

(၁) အိဟ်ရာမ်မပြုမီ ခန္ဓာကိုယ်တစ်ခုလုံးကို ရေချိုးခြင်း။

(၂) အမျိုးသားသည် အိဟ်ရာမ်ဝတ်စုံ၌ မဟုတ်ဘဲ မိမိ၏ ခန္ဓာကိုယ်၌ အမွှေးအကြိုင်သုတ်လိမ်းခြင်း။

(၃) အဖြူရောင် အိဇားရ် (ပုဆိုး)၊ ရိဒါအ် (ခြုံထည်)နှင့် ဖိနပ်တစ်ရံတို့ဖြင့် အိဟ်ရာမ် ဝတ်ဆင်ခြင်း။

(၄) အစီးအနင်းစီးနင်းနေစဉ် ကိဗ်လဟ်ဘက်သို့ မျက်နှာမူလျက် အိဟ်ရာမ်ပြုရမည်။

ဟဂ်ျအမျိုးအစားများမှာ-

အိဟ်ရာမ်ပြုသူသည် ကျင့်စဉ်သုံးမျိုးအနက်မှ မိမိအလိုရှိရာကို ရွေးချယ်ခွင့်ရှိသည်။ ၎င်းတို့မှာ-

၁။ သမသ်သုအ်။ ဟဂ်ျသမသ်သုအ်ဟူသည် ဟဂ်ျ၏ လများတွင် အွမ်ရာအတွက် အိဟ်ရာမ်ပြုလုပ်ပြီး ၎င်းအွမ်ရာကို ပြီးဆုံးအောင်ပြုလုပ်ပြီးနောက် ထိုနှစ်မှာပင် ဟဂ်ျအတွက် အိဟ်ရာမ်ပြန်လုပ်ခြင်းဖြစ်သည်။

၂။ အိဖ်ရာဒ်။ ဟဂ်ျအိဖ်ရာဒ်ဟူသည် မီကာသ်မှ ဟဂ်ျတစ်ခုတည်းအတွက်သာ အိဟ်ရာမ်ပြုလုပ်ခြင်းဖြစ်သည်။ ထို့နောက် ဟဂ်ျ၏ အမလ်ကျင့်စဥ်များကို ပြုလုပ်ပြီးသည်အထိ အိဟ်ရာမ်၏ အခြေအနေ၌သာ ရှိနေရမည်။

၃။ ကိရားန်ဟူသည် ဟဂ်ျနှင့် အွမ်ရာနှစ်ခုစလုံးအတွက် အိဟ်ရာမ်တစ်ခုတည်း ပြုလုပ်ခြင်း (သို့မဟုတ်) အွမ်ရာအတွက် အိဟ်ရာမ်ပြုလုပ်ပြီးနောက် အွမ်ရာ၏ သွဝါဖ် မစတင်မီ ၎င်းတွင် ဟဂ်ျကိုပါ ထည့်သွင်းခြင်းဖြစ်သည်။ ထို့ကြောင့် မီကာသ်မှဖြစ်စေ၊ သို့မဟုတ် အွမ်ရာ၏ သွဝါဖ်မစတင်မီဖြစ်စေ အွမ်ရာနှင့် ဟဂ်ျအတွက် နီယသ်ပြုရမည်။ ထို့နောက် ၎င်းတို့နှစ်ခုစလုံးအတွက် သွဝါဖ်နှင့် စအီ ပြုလုပ်ရမည်။

အကယ်၍ မတ်စ်ဂျိဒုလ် ဟရာမ် အနီးအနား၌ နေထိုင်သူများ မဟုတ်ခဲ့လျှင် သမသ်သုအ် ပြုလုပ်သူနှင့် ကီရာန်ပြုလုပ်သူတို့အပေါ်၌ ဖိဒ်ယဟ်ပေးဆောင်ရန် တာဝန်ရှိသည်။

ဤဟဂ်ျအမျိုးအစား ( ၃) မျိုးအနက် သမသ်သုအ်သည် အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ ဆွဟာဗဟ်သာဝကများအား ၎င်းကိုပြုလုပ်ရန် အမိန့်ပေးခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။ [58] ထို့နောက် ကိရာန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဟဂ်ျနှင့် အွမ်ရာ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့နောက် အိဖ်ရာဒ် ဖြစ်သည်။

[6] အိမာမ်မွတ်စလင်မ်က အမှတ်စဉ် (224) ဖြင့် မှတ်တမ်းတင်ထားသည်။

ဂ။ သို့ဖြစ်၍ ဤကျင့်ဆောင်မှုများအနက်မှ တစ်ခုခုဖြင့် အိဟ်ရာမ်ပြုပြီးပါက၊ ၎င်းအိဟ်ရာမ်ပြုပြီးနောက် သလ်ဗီယဟ် ရွတ်ဆိုရမည်။ ဤသို့ဆိုရမည်။

"«لَبَّيْكَ اللَّهُمَّ لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ» [59]. အဓိပ္ပါယ် - ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ဧကန်စင်စစ် ချီးမွမ်းခြင်းအ‌ပေါင်းနှင့် နိအ်မသ်ကျေးဇူးတော်အပေါင်းတို့သည် အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ စိုးပိုင်မှုဟူသရွေ့သည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်း မရှိပါ။"

[1] ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၈)

သလ်ဗီယဟ်ဆိုခြင်းသည် စွန္နသ်ဖြစ်ပြီး၊ ၎င်းကို အမြောက်အများပြုရန် တိုက်တွန်းထားသည်။ အမျိုးသားများသည် အသံကျယ်ကျယ် ရွတ်ဆိုရမည်ဖြစ်ပြီး အမျိုးသမီးများသည် အသံတိုးတိုး ရွတ်ဆိုရမည်။

သလ်ဗိယဟ်၏အချိန်- ၎င်း၏အချိန်သည် အိဟ်ရာမ်ပြုပြီးနောက်မှ စတင်ပြီး၊ နောက်ဆုံးအချိန်မှာ အောက်ပါအတိုင်းဖြစ်သည်၊

ပထမ- အွမ်ရာပြုသူသည် သွဝါးဖ်ကို မစတင်မီ သလ်ဗိယဟ်ကို ရပ်တန့်ရမည်။

ဒုတိယ။ ဟဂ်ျပြုလုပ်သူသည် အီးဒ်နေ့တွင် ဂျမ်ရသွလ်အက်ဗဟ် (ရှိုင်သွာန်အကြီး)ကို စတင်ခဲပေါက်သည့်အချိန်၌ ၎င်းအား ရပ်တန့်ရမည်။

အိဟ်ရာမ်ပြုထားစဉ် မလုပ်ရန် တားမြစ်ထားသောအချက်များ၊

ပထမ တားမြစ်ချက်- ခန္ဓာကိုယ်၏ မည်သည့်နေရာမှမဆို အမွေးအမျှင်ရိတ်ခြင်း၊ ညှပ်ခြင်း၊ နှုတ်ခြင်း။

ဒုတိယ တားမြစ်ချက်- ခိုင်လုံသောအကြောင်းပြချက် မရှိဘဲ လက်သည်း၊ ခြေသည်း ညှပ်ခြင်း သို့မဟုတ် ဖြတ်ခြင်းဖြစ်သည်။ သို့ရာတွင် လက်သည်း (သို့မဟုတ် ခြေသည်း) ကျိုးသွား၍ ၎င်းကို ဖယ်ရှားလိုက်ပါက သူ့အပေါ်တွင် ဖိဒ်ယဟ်ပေးဆောင်ရန် တာဝန်မရှိပေ။

တတိယ တားမြစ်ချက်- အမျိုးသား၏ ဦးခေါင်းကို ဦးထုပ်၊ ခေါင်းပေါင်း ကဲ့သို့ ခေါင်းဖြင့် ထိကပ်သည့် အရာတစ်ခုခုဖြင့် ဖုံးအုပ်ခြင်း။

စတုတ္ထမြောက် တားမြစ်ချက်- အမျိုးသားများသည် မိမိ၏ ခန္ဓာကိုယ် (သို့မဟုတ်) ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းပေါ်တွင် အင်္ကျီ၊ ခေါင်းပေါင်း (သို့မဟုတ်) ဘောင်းဘီ စသည့် ချုပ်လုပ်ထားသော အဝတ်အထည်များကို ဝတ်ဆင်ခြင်း။

ချုပ်ထားသောအရာဆိုသည်မှာ- ခန္ဓာကိုယ်အစိတ်အပိုင်းအချိုးအစားနှင့် ကိုက်ညီအောင် ပြုလုပ်ထားသောအရာများကို ဆိုလိုသည်။ ဥပမာ- သားရေခြေစွပ်၊ လက်အိတ်၊ ခြေအိတ် စသည်တို့ဖြစ်သည်။

အမျိုးသမီးသည် ဖုံးအုပ်ရန်လိုအပ်သည့်အတွက် အိဟ်ရာမ်ပြုထားစဉ်အတွင်း မိမိနှစ်သက်ရာအဝတ်အစားကို ဝတ်ဆင်နိုင်သည်။ သို့သော် 'ဗုရ်ကအ်' (မျက်နှာဖုံး) ကိုမူ ဝတ်ဆင်ခွင့် မရှိပါ။ သူမ၏အနီးအနားတွင် သူစိမ်းအမျိုးသားများ ဖြတ်သန်းသွားပါက မိမိ၏မျက်နှာအား ယင်း(ဗုရ်ကအ်)မဟုတ်ဘဲ 'ခီမာရ်' (ဦးခေါင်းခြုံပုဝါ) နှင့် 'ဂျိလ်ဗာဗ်' (ကိုယ်ရုံအဝတ်) ကဲ့သို့သော အခြားအရာတစ်ခုခုဖြင့် ဖုံးအုပ်ရမည်။

လက်နှစ်ဘက်တွင် လက်အိတ် မဝတ်ဆင်ရ။

ပဉ္စမ တားမြစ်ချက်- ရေမွှေးအသုံးပြုခြင်း။ အဘယ်ကြောင့်ဆိုသော် အိဟ်ရာမ်ပြုလုပ်ထားသူသည် ဇိမ်ခံခြင်း၊ လောကီအလှအပနှင့် သာယာမှုများမှ ရှောင်ကြဉ်ကာ အာခိရသ်သို့သာ ရှေးရှုရန် လိုအပ်သောကြောင့်ဖြစ်သည်။

ဆဋ္ဌမ တားမြစ်ချက်- အမဲလိုက်ထားသော ကုန်းသတ္တဝါများကို သတ်ဖြတ်ခြင်းနှင့် အမဲလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်၍ အိဟ်ရာမ်ပြုထားသူသည် ကုန်းသတ္တဝါကို အမဲမလိုက်ရ၊ ယင်းအား အမဲလိုက်ရာတွင် အကူအညီ မပေးရ၊ ၎င်းအား လည်လှီးသတ်ဖြတ်ခြင်းလည်း မပြုရပေ။

အိဟ်ရာမ်ပြုထားသူ "မုဟ်ရင်မ်"အပေါ် မိမိကိုယ်တိုင် အမဲလိုက်ထားသောအကောင်၊ သို့မဟုတ် မိမိအတွက် အမဲလိုက်ပေးထားသောအကောင်၊ သို့မဟုတ် အမဲလိုက်ရာတွင် မိမိက အကူအညီပေးထားသောအကောင်တို့ကို စားသုံးခြင်းသည် သူ၏အတွက် အသေကောင်ကဲ့သို့ ဖြစ်သောကြောင့် တားမြစ်ထားသည်။

သို့ရာတွင် ပင်လယ်(ဝါ) ရေသတ္တဝါများကိုမူ အိဟ်ရာမ်ပြုထားသူ "မုဟ်ရင်မ်" အနေဖြင့် ဖမ်းဆီးခြင်းသည် ဟရာမ် မဖြစ်ပါ (မတားမြစ်ထားပါ)။ ထို့ပြင် ကြက်နှင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များကို ဇဗဟ်ပြုလုပ်ခြင်းသည်လည်း ၎င်းအပေါ်၌ ဟရာမ် မဖြစ်ပါ။ အကြောင်းမူကား ၎င်းတို့သည် အမဲလိုက်ရသော သတ္တဝါများ မဟုတ်သောကြောင့် ဖြစ်ပေသည်။

သတ္တမ တားမြစ်ချက်။ မိမိအတွက်ဖြစ်စေ၊ အခြားသူအတွက်ဖြစ်စေ နိကာဟ်ပြုခြင်း၊ သို့မဟုတ် သက်သေအဖြစ် ပါဝင်ခြင်း။

အဋ္ဌမ တားမြစ်ချက်- ကိုယ်လက်နှီးနှောခြင်း၊ မည်သူမဆို ပထမအဆင့် သဟတ်လုလ်(အိဟ်ရာမ်၏ စည်းကမ်းချက်များမှ ပထမအဆင့် လွတ်ကင်းခြင်း) မပြုလုပ်မီ ကိုယ်လက်နှီးနှောမိပါက ၎င်း၏အမလ်ကျင့်ဆောင်မှုမှာ ပျက်သွားမည်ဖြစ်သည်။ ၎င်းအနေဖြင့် ဆက်လက်ဆောင်ရွက်ပြီး မိမိ၏ အမလ်ကျင့်ဆောင်မှုများကို ပြီးဆုံးအောင် ပြုလုပ်ရမည်။ ထို့နောက် ၎င်းအနေဖြင့် နောက်နှစ်တွင် ယင်းကို ကဿွာပြန်လည်ပြုလုပ်ရန် တာဝန်ရှိပြီး၊ ကုလားအုတ်တစ်ကောင်ကိုလည်း ဇဗဟ် ပြုလုပ်ရမည်ဖြစ်သည်။

အကယ်၍ ထိုသို့ပြုလုပ်ခြင်းသည် ပထမ သဟ်လ်လွလ် (အိဟ်ရာမ် စည်းကမ်းချက်များမှ ပထမအဆင့်လွတ်ကင်းခြင်း) ပြီးနောက်တွင် ဖြစ်ပါက ၎င်း၏ကျင့်စဉ်သည် ပျက်ပြယ်မည် မဟုတ်ပါ။ သို့သော် ၎င်းအပေါ်၌ ဒမ် (သားကောင် ဇဗဟ်) ပြုလုပ်ရန် ဝါဂျိဗ်ဖြစ်သည်။

အကယ်၍ သူမသည် သဘောတူ ကြည်ဖြူခဲ့မည်ဆိုပါက ထိုကိစ္စတွင် အမျိုးသမီးသည်လည်း အမျိုးသားကဲ့သို့ပင် ဖြစ်သည်။

နဝမ တားမြစ်ချက်- အရှက်အင်္ဂါမှအပ ကျန်အစိတ်အပိုင်းများကို ထိတွေ့ကိုင်တွယ်ခြင်း၊ အိဟ်ရာမ်ပြုထားသူအနေဖြင့် အမျိုးသမီးအား ထိတွေ့ကိုင်တွယ်ခွင့် မရှိပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဟရာမ်ဖြစ်သော ကိုယ်လက်နှီးနှောခြင်းသို့ ဦးတည်စေသည့် အကြောင်းခံဖြစ်သောကြောင့်ဖြစ်သည်။ ဤနေရာတွင် ထိတွေ့ကိုင်တွယ်ခြင်းဆိုသည်မှာ အမျိုးသမီးအား ရာဂစိတ်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်းကို ဆိုလိုသည်။