Skip to content

نص الموضوع

أولاً: بهيمة الأنعام، وهي الإبل والبقر والغنم، وتجب فيها الزكاة بشرطين: 1- أن تُتَّخذ للدَّر والنسل، لا للعمل. 2- أن تكون سائمة (أي: راعية)، فلا تجب الزكاة في دوابٍّ تُعلف بعلف اشتراه لها، أو جَمَعَه من الكلأ أو غيره، ولا زكاة في التي ترعى بعض العام لا جميعه أو أكثره. 4- أنصبة بهيمة الأنعام: 1- زكاة الإبل: إذا توفرت الشروط؛ وجب في كل خمس من الإبل شاة، وفي العشر شاتان، وفي خمس عشرة ثلاث شياه، وفي عشرين أربع شياه، كما دلّ على ذلك السنة والإجماع. فإذا بلغت خمسًا وعشرين، ففيها بنت مخاض، وهي ما تم لها سنة ودخلت السنة الثانية، فإن عدمها أجزأ منها ابن لبون. وإذا بلغت الإبل ستًّا وثلاثين؛ وجب فيها بنت لبون وهي: ما تم لها سنتان. فإذا بلغت ستًّا وأربعين؛ وجب فيها حِقَّة، وهي ما تم لها ثلاث سنين. فإذا بلغت الإبل إحدى وستين؛ وجب فيها جذعة، وهي ما تم لها أربع سنين. فإذا بلغ مجموع الإبل ستًّا وسبعين؛ وجب فيها بنتا لبون اثنتان. فإذا بلغت الإبل إحدى وتسعين؛ وجب فيها حقتان. فإذا زاد مجموع الإبل عن مئة وعشرين بواحدة، وجب فيها ثلاث بنات لبون، ثم في كل أربعين بنت لبون، وفي كل خمسين حقة. 2- زكاة البقر: تجب فيها إذا توفرت الشروط إذا بلغت ثلاثين: تَبِيعٌ أو تَبِيعةٌ؛ وهي ما تم لكل منها سنة ودخل في السنة الثانية. ولا شيء فيما دون الثلاثين. فإذا بلغت أربعين؛ وجب فيها بقرة مسنة، وهي: ما تم لها سنتان. فإذا زاد مجموع البقر على أربعين؛ وجب في كل ثلاثين منها تبيع أو تبيعة، وفي كل أربعين مسنة. 3- زكاة الغنم: إذا بلغ مجموع الغنم أربعين سواء كان ضأنًا أو معزًا، ففيها شاة واحدة، وهي جذع ضأن، أو أنثى معز. ولا زكاة في الغنم إذا نقص عددها عن أربعين. فإذا بلغ مجموع الغنم مائة وإحدى وعشرين؛ وجب فيها شاتان. فإذا بلغت مئتين وواحدة؛ وجب فيها ثلاث شياه. ثم تستقر الفريضة فيها بعد هذا المقدار، فيجب في كل مئة شاة، ففي أربعمائة أربع شياه، وهكذا. ثانيًا: زكاة الخارج من الأرض: الخارج من الأرض نوعان: 1) الحبوب والثمار. 2) المعادن. النوع الأول: الحبوب والثمار: تجب الزكاة في الحبوب؛ مثل: البُرُّ والشعير والأرز. وفي الثمار؛ مثل: التمر والزبيب، ولا تجب في غير ذلك من النباتات؛ كالبقول والخضروات. شروط وجوب الزكاة في الحبوب والثمار: 1) أن تكون مدّخرة: فلا زكاة فيما لا يُدّخر كالفواكه والخضروات. 2) أن تكون مَكِيلَة: فلا زكاة فيما يباع بالعدِّ أو الوزن؛ كالبطيخ، والبصل، والرمان، وغيرها. 3) أن تبلغ نصابًا: وهو خمسة أوسق، فلا زكاة فيما قلَّ عن ذلك. 4) أن يكون النصاب مملوكًا وقت وجوب الزكاة. فمن ملكه بعد وقت وجوب الزكاة لم تجب عليه الزكاة كما لو اشتراه أو أهدي له بعد حصاده. وقت وجوب زكاتها: تجب الزكاة في الحبوب والثمار إذا بدأ صلاحها، وعلامة بدو الصلاح كما يلي: أ- في الحَبِّ: إذا اشتدَّ وقسَا وصار صلبًا. ب- في ثمار النخيل: بأن تَحمَرَّ أو تَصفَرَّ. ج- في العنب: أن يكون ليِّنًا حلوًا. نصابها: نصاب الحبوب والثمار: خمسة أوسق، والوسق ستون صاعًا، فيكون النصاب ثلاثمائة صاع نبوي، ويساوي النصاب بالكيلوجرامات: 900 كجم تقريبًا. مقدار الزكاة الواجبة فيها: يجب العُشر فيما سقي بلا مَؤُونَة ولا كُلْفَة؛ كالذي يسقي بمياه الأمطار والعيون. ويجب نصف العُشر فيما سقي بمؤونة وكلفة؛ كالذي يسقى بالماء الذي يُضخُّ من الآبار والأنهار بواسطة الحيوانات أو الآلات الحديثة. النوع الثاني: المعادن: من أنواع الخارج من الأرض: المعادن، وهي ما يستخرج من الأرض من غير جنسها؛ كالذهب والفضة والحديد والجواهر. وقت وجوب الزكاة فيها: إذا حازها وملكها؛ أخرج زكاتها مباشرة، إذ لا يشترط لها مضي الحول، ونصابها هو نصاب الذهب والفضة، ويخرج منه ربع العشر من قيمته. ثالثًا: زكاة الأثمان: الأثمان هي: الذهب والفضة والأوراق النقدية، وزكاتها واجبة، والدليل: قوله تعالى: ﴿وَالَّذِينَ يَكْنِزُونَ الذَّهَبَ وَالْفِضَّةَ وَلَا يُنْفِقُونَهَا فِي سَبِيلِ اللَّهِ فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ 34﴾ [التوبة: 34]. وفي الحديث: «مَا مِنْ صَاحِبِ ذَهَبٍ وَلَا فِضَّةٍ لَا يُؤَدِّي فِيهَا حَقَّهَا؛ إِلَّا إِذَا كَانَ يَوْمَ الْقِيَامَةِ صُفِّحَتْ لَهُ صَفَائِحُ مِنْ نَارٍ» [1]. وأجمع أهل العلم على وجوب الزكاة في الذهب والفضة، والأوراق النقدية لها حكم الذهب والفضة؛ لأنها حلَّت مَحَلَّهَا في التعامل النقدي. نصاب الزكاة في الأثمان، ومقدار الواجب فيها: هو نصاب الذهب أو الفضة؛ لأنها حلَّت محلهما في الثمنية، فإذا بلغَت نِصاب أحدهما وجبَت فيها الزكاة، والغالب تقدير نصاب الأوراق النقدية اليوم بالفضة؛ لأنها أرخص من الذهب فتبلغ نصابها قبله، فإذا ملك المسلم ما يُعادل قيمة (595) جرامًا من الفضة، وحال عليه الحول وجبَت فيه الزكاة. وقيمة جرام الفضة تتغيَّر من وقت لآخَر، فمن كان عنده مال قليل لا يَدري هل بلغ النِّصاب أم لا، فإنه يسأل تجار الفضة عن قيمة جرام الفضة، ثم يضربه في (595)، والناتج هو النِّصاب. فائدة: إذا أراد أن يخرج زكاة ماله؛ قسَّم النصاب على أربعين، فما خرج فهو القدر الواجب. رابعًا: زكاة عروض التجارة: هي ما أُعِدَّ للبيع والشراء من أجل الربح، وتشمل عروض التجارة جميع أنواع الأموال غير النقود؛ كالسيارات والملابس والأقمشة والحديد والأخشاب وغيرها مما أعد للتجارة. شروط وجوب زكاة عروض التجارة: 1- أن يملكها بفعله؛ كالبيع، والإجارة، وغير ذلك من وجوه المكاسب. 2- أن يملكها بنية التجارة؛ بأن يقصد التكسب بها، لأن الأعمال بالنيات، والتجارة عمل، فوجب اقتران النية به كسائر الأعمال. 3- أن تبلغ قيمتها نصابًا من أحد النقدين. 4- تمام الحول عليها، وهو مضي السنة. كيفية إخراج زكاة العروض: أنها تُقوَّم العروض عند تمام الحول بأحد النقدين الذهب أو الفضة، فإذا قُوِّمَت وبلغت نصابًا بأحد النقدين؛ أخرج ربع العشر من قيمتها. خامسًا: زكاة الفطر: هي الصدقة الواجبة في ختام شهر رمضان، وقد فرضت في السنة الثانية من الهجرة. حكمها: زكاة الفطر واجبة على كل مسلم يملك في يوم العيد وليلته طعامًا زائدًا على ما يكفيه ويكفي عياله. وتجب على كل مسلم؛ ذكرًا أو أنثى، صغيرًا أو كبيرًا، حرًا أو عبدًا، لحديث: «فَرَضَ رَسُولُ اللَّهِ ﷺ زَكَاةَ الْفِطْرِ عَلَى الْعَبْدِ وَالْحُرِّ، وَالذَّكَرِ وَالْأُنثَى، وَالصَّغِيرِ وَالْكَبِيرِ، مِنَ الْمُسْلِمِينَ» [2]. وفرض بمعنى: ألزم وأوجب. الحكمة من مشروعيتها: قال ابن عباس رضي الله عنهما: «فَرَضَ رَسُولُ اللَّهِ ﷺ زَكَاةَ الْفِطْرِ؛ طُهْرَةً لِلصَّائِمِ مِنَ اللَّغْوِ وَالرَّفَثِ، وَطُعْمَةً لِلْمَسَاكِينِ» [3]. وقت وجوبها وإخراجها: تجب زكاة الفطر بغروب الشمس من ليلة العيد. ويستحب إخراجها يوم العيد قبل الذهاب لصلاة العيد. ولا يجوز تأخيرها عن صلاة العيد، فإن أخَّرها عن صلاة العيد؛ وجب عليه إخراجها قضاء، ويكون آثمًا بتأخيرها عن الوقت المحدد. ويجوز تقديمها قبل العيد بيوم أو يومين. مقدارها وما تُخرَج منه: صاع من الطعام المعتاد لأهل البلد؛ كالأرز والتمر والبُرِّ أو غيرها. ومقدار الصاع: ثلاثة كيلوجرامات تقريبًا. ولا يجوز إخراج القيمة؛ بأن يدفع نقودًا بدلاً عنها؛ لأنه خلاف أمر الرسول ﷺ.

أخرجه البخاري برقم (1402)، ومسلم برقم (2287).

أخرجه البخاري برقم (1432)، ومسلم برقم (984).

أخرجه أبوداود برقم (1609)، وابن ماجه برقم (1827)، وصححه الألباني في صحيح أبي داود برقم (1609).

(၃) ဇကာသ်ပေးဆောင်ရမည့် ဥစ္စာပစ္စည်းများ-

၁- ခြေလေးချောင်း တိရစ္ဆာန်များ၊

၎င်းတို့မှာ ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ်တို့ဖြစ်ပြီး၊ ၎င်းတို့တွင် စည်းကမ်းချက် နှစ်ရပ်ဖြင့် ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသည်-

၁။ အလုပ်ခိုင်းစေရန်အတွက် မဟုတ်ဘဲ နို့ရယူရန်နှင့် သားပေါက်ရန်အတွက် မွေးမြူထားခြင်း ဖြစ်ရမည်။

၂။ စားကျက်လွှတ်ကျောင်းသော (ဆိုလိုသည်မှာ- အလွတ်ကျက်စားသော) တိရစ္ဆာန် ဖြစ်ရမည်။

သို့ဖြစ်၍ ၎င်းတို့အတွက် ဝယ်ယူထားသောအစာဖြင့်ဖြစ်စေ၊ သို့မဟုတ် မြက်နှင့် အခြားအရာများကို စုဆောင်း၍ဖြစ်စေ ကျွေးမွေးရသော တိရစ္ဆာန်များတွင် ဇကာသ်ပေးဆောင်ရန် တာဝန်မရှိပေ။

တစ်နှစ်ပတ်လုံး သို့မဟုတ် တစ်နှစ်တာ၏ အချိန်အများစုတွင် မဟုတ်ဘဲ တစ်နှစ်တာ၏ အချိန်အချို့တွင်သာ စားကျက်မြေမှ မြက်ကို စားသော တိရစ္ဆာန်များဖြစ်ပါက ဇကာသ်ပေးဆောင်ရန် တာဝန် မရှိပေ။

၄- ခြေလေးချောင်းတိရစ္ဆာန်တို့၏ နိဆွာဗ်ပမာဏများ-

၁။ ကုလားအုတ်၏ ဇကာသ်၊

သတ်မှတ်ချက်များ ပြည့်စုံပါက ကုလားအုတ် (၅) ကောင်တိုင်းအတွက် ဆိတ် တစ်ကောင်၊ (၁၀) ကောင်အတွက် ဆိတ် နှစ်ကောင်၊ (၁၅) ကောင်အတွက် ဆိတ် သုံးကောင်၊ (၂၀) အတွက် ဆိတ် လေးကောင် ပေးဆောင်ရန် တာဝန်ရှိသည်။

ထိုအချက်အပေါ် စွန္နသ်နှင့် အစ်ဂ်ျမာအ်တို့က ညွှန်ပြထားသည်။

အကယ်၍ (ကုလားအုတ်အရေအတွက်) ၂၅ ကောင်သို့ ရောက်ရှိပါက ၎င်းအတွက် 'ဘင့်သ်မခါးဒ်' တစ်ကောင် ပေးဆောင်ရမည်ဖြစ်သည်။ ၎င်းမှာ အသက်တစ်နှစ်ပြည့်၍ ဒုတိယနှစ်သို့ ဝင်ရောက်နေသော ကုလားအုတ်မ ဖြစ်သည်။ အကယ်၍ ၎င်းမရှိပါက ၎င်း၏ကိုယ်စား 'အိဗ်နုလဗူးန်' (ကုလားအုတ်ထီး) တစ်ကောင် ပေးဆောင်ခြင်းသည် လုံလောက်သည်။

အကယ်၍ ကုလားအုတ် (၃၆)ကောင် ပြည့်ပါက၊ ၎င်းအတွက် 'ဗင့်န်သေလဗူးန်' တစ်ကောင် ပေးဆောင်ရန် တာဝန်ရှိသည်။ ယင်းမှာ အသက် (၂) နှစ်ပြည့်ပြီးသော ကုလားအုတ်မ ဖြစ်သည်။

အကယ်၍ လေးဆယ့်ခြောက်ကောင်သို့ ရောက်ရှိသွားပါက ၎င်းတွင် ဟိက်ကဟ် (حِقَّة) တစ်ကောင် ပေးဆောင်ရန် တာဝန်ရှိသည်။ ၎င်းမှာ သုံးနှစ်ပြည့်ပြီးသော ကုလားအုတ်ဖြစ်သည်။

အကယ်၍ ကုလားအုတ်အရေအတွက် (၆၁) ကောင်သို့ ရောက်ရှိသွားပါက ၎င်းအတွက် 'ဂျဇအဟ်' တစ်ကောင် ပေးဆောင်ရန် တာဝန်ရှိသည်။ ၎င်းမှာ အသက် (၄)နှစ်ပြည့်ပြီးသော ကုလားအုတ်ဖြစ်သည်။

အကယ်၍ ကုလားအုတ် စုစုပေါင်းသည် ခုနှစ်ဆယ့်ခြောက်(၇၆)ကောင် ပြည့်သွားပါက ၎င်းတို့အတွက် ဗင်သေလဗူးန် (သုံးနှစ်အရွယ် ကုလားအုတ်မ) နှစ်ကောင် ပေးဆောင်ရန် တာဝန်ရှိသည်။

အကယ်၍ ကုလားအုတ် (၉၁) ကောင် ပြည့်သွားပါက ၎င်းတို့အတွက် ဟစ်ကဟ် နှစ်ကောင် ပေးဆောင်ရန် တာဝန်ရှိသည်။

သို့ဖြစ်ရာ ကုလားအုတ်စုစုပေါင်း အရေအတွက်သည် တစ်ရာ့နှစ်ဆယ်(၁၂၀)ထက် တစ်ကောင် ပိုသွားပါက ၎င်းအပေါ်တွင် ‘ဗိန္သိလဗူးန်’ (အသက်နှစ်နှစ်ပြည့်ပြီးသော ကုလားအုတ်မ) သုံးကောင် ပေးဆောင်ရန် တာဝန်(ဝါဂျိဗ်)ဖြစ်သည်။ ထို့နောက် ကုလားအုတ် အကောင်လေးဆယ်(၄၀)တိုင်းအတွက် ‘ဗိန္သိလဗူးန်’ တစ်ကောင်စီနှင့် အကောင်ငါးဆယ်(၅၀)တိုင်းအတွက် ‘ဟစ်ကဟ်’ (အသက်သုံးနှစ်ပြည့်ပြီးသော ကုလားအုတ်မ) တစ်ကောင်စီ ပေးဆောင်ရမည် ဖြစ်သည်။

(၂) နွား၏ ဇကာသ်-

အကယ်၍ စည်းကမ်းချက်များ ပြည့်စုံပြီး ကောင်ရေ သုံးဆယ်သို့ ရောက်ရှိပါက သဗီးအ် သို့မဟုတ် သဗီးအဟ်ကို ပေးဆောင်ရန် တာဝန်ရှိသည်။ ၎င်းမှာ အသက်တစ်နှစ်ပြည့်ပြီး ဒုတိယနှစ်သို့ ဝင်ရောက်လာသော နွားထီး သို့မဟုတ် နွားမ ဖြစ်သည်။

သုံးဆယ်ထက် လျော့နည်းသော အရေအတွက်တွင် မည်သည့်အရာကိုမျှ (ပေးဆောင်ရန်) မလိုပေ။

အကယ်၍ (၄၀) ပြည့်သွားပါက ၎င်းအတွက် (မုစင်န္နဟ်) အသက်အရွယ်ရပြီးသော နွားမတစ်ကောင် ပေးဆောင်ရန် တာဝန်ရှိသည်။ ၎င်းမှာ အသက်(၂)နှစ်ပြည့်ပြီးသော နွားမဖြစ်သည်။

အကယ်၍ နွားစုစုပေါင်းအရေအတွက်သည် (၄၀)ထက် ကျော်လွန်သွားပါက၊ ၎င်းတို့အနက်မှ နွား(၃၀)တိုင်းအတွက် အသက်(၁)နှစ်ပြည့်ပြီးသော နွားထီး သို့မဟုတ် နွားမ တစ်ကောင်ကို လည်းကောင်း၊ နွား(၄၀)တိုင်းအတွက် အသက်(၂)နှစ်ပြည့်ပြီးသော နွားမ တစ်ကောင်ကို လည်းကောင်း ပေးဆောင်ရန် တာဝန်ရှိသည်။

၃- သိုး၊ ဆိတ်များ၏ ဇကာသ်၊

အကယ်၍ သိုးဖြစ်စေ၊ ဆိတ်ဖြစ်စေ စုစုပေါင်း အရေအတွက်သည် (၄၀)သို့ ရောက်ရှိပါက ၎င်းအတွက် "ရှားသ်"တစ်ကောင် ပေးဆောင်ရန် တာဝန်ရှိသည်။ ၎င်းမှာ (၆)လသားအရွယ် သိုး သို့မဟုတ် ဆိတ်မ တစ်ကောင် ဖြစ်သည်။

သိုး၊ဆိတ်တို့၏ အရေအတွက်သည် လေးဆယ်ထက် လျော့နည်းပါက ဇကာသ်ပေးဆောင်ရန် တာဝန်မရှိပေ။

သို့ဖြစ်ရာ သိုး၊ဆိတ် စုစုပေါင်း တစ်ရာ့နှစ်ဆယ့်တစ်ကောင်(၁၂၁) ပြည့်သွားပါက၊ ၎င်းအတွက် သိုး (သို့) ဆိတ် နှစ်ကောင် ပေးဆောင်ရန် တာဝန်ထိုက်ပေသည်။

(၂၀၁) ကောင် ပြည့်သွားပါက၊ ၎င်းအတွက် သိုး (သို့) ဆိတ် သုံးကောင် ပေးဆောင်ရမည်။

ထို့နောက် ဤပမာဏ၏ နောက်ပိုင်းတွင် ပေးဆောင်ရမည့်တာဝန်မှာ ပုံသေဖြစ်သွားသည်။ သို့ဖြစ်ရာ သိုး၊ဆိတ် တစ်ရာတိုင်းအတွက် သိုး (သို့) ဆိတ်တစ်ကောင် ပေးဆောင်ရန် တာဝန်ရှိသည်။ သို့ဖြစ်၍ သိုး၊ဆိတ် လေးရာအတွက် သိုး (သို့) ဆိတ် လေးကောင် ပေးဆောင်ရမည်ဖြစ်သည်။ ဆက်လက်၍ ဤအတိုင်း ရည်တွက်သွားရမည်ဖြစ်သည်။

၂- မြေမှထွက်သောအရာများ၏ ဇကာသ်။

မြေကြီးမှ ထွက်ရှိသောအရာမှာ နှစ်မျိုးရှိသည်။

(၁) ကောက်ပဲသီးနှံနှင့် သစ်သီးဝလံများ။

(၂) တွင်းထွက်ပစ္စည်းများ။

ပထမအမျိုးအစား- ကောက်ပဲသီးနှံနှင့် သစ်သီးဝလံများ၊

ဂျုံ၊ မုယောစပါး၊ ဆန်စပါး စသည့် ကောက်ပဲသီးနှံများတွင် ဇကာသ်ပေးဆောင်ရမည်။

သစ်သီးဝလံများတွင် ဥပမာ- စွန်ပလွံသီးနှင့် စပျစ်သီးခြောက်တို့ ဖြစ်သည်။

၎င်းမှလွဲ၍ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော အခြားသော အပင်များအတွက် ပေးဆောင်ရန် ဝါဂျစ်ဗ် တာဝန် မဟုတ်ပေ။

ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများတွင် ဇကာသ် မပေးမနေရ တာဝန် ဖြစ်ခြင်း၏ စည်းကမ်းချက်များ။

၁။ စုဆောင်းထားနိုင်သည့်အရာ ဖြစ်ရမည်၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ စုဆောင်းထား၍ မရသည့် အရာများအတွက် ဇကာသ်ပေးရန် မလိုပေ။

၂။ ခြင်တွယ်တိုင်းတာရသောအရာ ဖြစ်ရမည်။ သို့ဖြစ်ရာ အရေအတွက် သို့မဟုတ် အလေးချိန်ဖြင့် ရောင်းချသောအရာများတွင် ဇကာသ်မရှိပါ။ ဥပမာ- ဖရဲသီး၊ ကြက်သွန်၊ သလဲသီးနှင့် အခြားအရာများ။

၃။ နိဆွာဗ် ပြည့်မီခြင်း။ ၎င်းမှာ (၅) ဝပ်စ်က် ဖြစ်သည်။ ထိုပမာဏထက် နည်းပါက ဇကာသ် မထိုက်ပေ။

၄။ ဇကာသ်တာဝန်ကျရောက်သည့်အချိန်တွင် နိဆွာဗ် ပမာဏကို ပိုင်ဆိုင်ထားရှိခြင်း။

ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသည့်အချိန်ကျရောက်ပြီးနောက်မှ ၎င်းကို ပိုင်ဆိုင်လာသူအပေါ်တွင် ဇကာသ်ပေးဆောင်ရန် တာဝန်မရှိပေ။ ၎င်းမှာ ရိတ်သိမ်းပြီးနောက်မှ ယင်းကို ဝယ်ယူခဲ့ခြင်း သို့မဟုတ် လက်ဆောင်ရရှိခဲ့ခြင်း ကဲ့သို့ပင်ဖြစ်သည်။

၎င်း၏ ဇကာသ်ပေးရန်တာဝန်ဖြစ်သည့်အချိန်။

ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများသည် စတင်ကောင်းမွန်ရင့်မှည့်လာပါက ဇကာသ်ပေးဆောင်ရမည်။

ကောင်းမွန်ရင့်မှည့်လာခြင်း၏ လက္ခဏာမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) ကောက်နှံများတွင် မာကျောလာပြီး အခိုင်အမာ ဖြစ်လာသောအခါ ဖြစ်သည်။

(ခ) စွန်ပလွံသီးများ၌ အနီရောင် သို့မဟုတ် အဝါရောင် ပြောင်းလာခြင်းဖြစ်သည်။

(ဂ) စပျစ်သီးတွင် ပျော့ပျောင်း၍ ချိုမြိန်ခြင်းဖြစ်သည်။

၎င်း၏ နိဆာဗ်ပမာဏမှာ-

ကောက်နှံများနှင့် သစ်သီးဝလံများ၏ နိဆွာဗ်မှာ (၅) ဝတ်စ်က်ဖြစ်သည်၊

ဝတ်စ်က်(တစ်ခု)တွင် ဆွာအ် ခြောက်ဆယ်ရှိသည်။

သို့ဖြစ်ရာ နိဆွာဗ်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သတ်မှတ်ထားသော “ဆွာအ်” ၃၀၀ ဖြစ်ပြီး၊ ၎င်းနိဆွာဗ်သည် ကီလိုဂရမ်ဖြင့် ၉၀၀ ကီလိုဂရမ်ခန့် နှင့်ညီမျှသည်။

၎င်းတွင် ပေးဆောင်ရမည့် ဇကာသ်ပမာဏ၊

မိုးရေနှင့် စမ်းရေများဖြင့် ရေရရှိသည့်အရာများကဲ့သို့ ကုန်ကျစရိတ်နှင့် ပင်ပန်းခက်ခဲမှုမရှိဘဲ ရေရရှိသော သီးနှံများတွင် ဆယ်ပုံတစ်ပုံ ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။

တိရစ္ဆာန်များ သို့မဟုတ် ခေတ်မီစက်ကိရိယာများကို အသုံးပြု၍ ရေတွင်းများနှင့် မြစ်များမှ ရေကိုစုပ်ယူကာ ရေသွင်းရခြင်းကဲ့သို့ ကုန်ကျစရိတ်နှင့် လုပ်အားစိုက်ထုတ်မှုဖြင့် ရေသွင်းစိုက်ပျိုးထားသည့် အရာများတွင် ဆယ်ပုံတစ်ပုံ၏ တစ်ဝက်ကို ပေးဆောင်ရန် တာဝန်ရှိသည်။

အမျိုးအစား(၂)၊ သတ္တုများ၊

မြေမှထွက်သည့် အမျိုးအစားများထဲတွင်၊တွင်းထွက်ပစ္စည်းများ၊

၎င်းမှာ မြေကြီး၏ အမျိုးအစားမဟုတ်ဘဲ မြေကြီးတွင်းမှ တူးဖော်ထုတ်ယူရရှိသော အရာများဖြစ်သည်။ ဥပမာ- ရွှေ၊ ငွေ၊ သံနှင့် ကျောက်မျက်ရတနာများဖြစ်သည်။

၎င်းအပေါ် ဇကာသ် မပေးမနေရတာဝန်ဖြစ်သည့် အချိန်ကာလ၊

အကယ်၍ ၎င်းကို ရရှိပိုင်ဆိုင်သွားလျှင် ၎င်း၏ ဇကာသ်ကို ချက်ချင်း ပေးဆောင်ရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအတွက် တစ်နှစ်ပြည့်ရန် သတ်မှတ်ချက် မရှိသောကြောင့်ဖြစ်သည်။

၎င်း၏ နိဆွာဗ်ပမာဏမှာ ရွှေနှင့် ငွေ၏ နိဆွာဗ်ပမာဏဖြစ်ပြီး ၎င်း၏တန်ဖိုးမှ လေးဆယ်ပုံတစ်ပုံကို ထုတ်ရမည် ဖြစ်သည်။

၃- ငွေကြေးများ၏ ဇကာသ်။

ငွေကြေးများမှာ- ရွှေ၊ ငွေနှင့် ငွေစက္ကူများဖြစ်ကြပြီး၊ ၎င်းတို့အတွက် ဇကာသ် ပေးဆောင်ရမည်ဖြစ်သည်။

အထောက်အထား။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်၊

(ထို့အတူ ရွှေနှင့်ငွေကို သိုလှောင်စုဆောင်းထားပြီး ယင်းတို့ကို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းခြင်း မရှိကြသောသူတို့အား ပြင်းပြနာကျင်ဖွယ်ကောင်းသော အပြစ်ဒဏ် (ခံစားကြရမည်ဖြစ်ကြောင်း) သတင်းစကား ပြောကြားပါလေ။ ၃၄)

[စူရဟ် သောင်ဗဟ်၊ အာယသ်- ၁၁]

ဟဒီးဆ်တော်တွင် လာရှိသည်မှာ-

"ရွှေ၊ ငွေကို ပိုင်ဆိုင်သူတို့သည် ထိုရွှေ၊ ငွေတို့၏ ဝတ္တရား(ဇကားသ်)ကို မပေးခဲ့လျှင် ထိုရွှေ၊ ငွေတို့သည် ကိယာမသ်နေ့၌ မီးနှင့်အတိပြီးသောကျောက်သားများအဖြစ် အလျားလိုက် ပြုလုပ်ခံရမည်ဖြစ်သည်။" [44]

[၁၀] အိမာမ်ဗုခါရီက အမှတ်(၁၄၂)နှင့် အိမာမ်အလ်မွတ်စ်လင်မ်က အမှတ် (၁၂၂) တို့တွင် မှတ်တမ်းတင်ထားသည်။

ရွှေနှင့် ငွေတို့တွင် ဇကာသ်မဖြစ်မနေပေးဆောင်ရန် ပညာရှင်များက တညီတညွတ်တည်း သဘောတူညီထားကြသည်။ ငွေစက္ကူများသည် ငွေကြေးသုံးစွဲမှုတွင် ၎င်းတို့၏ နေရာ၌ အစားထိုးဝင်ရောက်လာသောကြောင့် ရွှေနှင့် ငွေ၏ အမိန့်အတိုင်းပင် ဖြစ်သည်။

ရွှေ၊ ငွေနှင့် ငွေကြေးများအတွက် ဇကာသ်ထိုက်စေသည့် (အနည်းဆုံး)ပိုင်ဆိုင်မှုနှင့် ထုတ်ရမည့်ပမာဏ-

၎င်းသည် ရွှေ သို့မဟုတ် ငွေ၏ နိဆွာဗ်ပမာဏပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တန်ဖိုးအနေဖြင့် ၎င်းတို့နှစ်ခုအား ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့နှစ်ခုအနက် တစ်ခုခု၏ နိဆွာဗ်ပမာဏသို့ ရောက်ရှိပါက ၎င်းအပေါ်တွင် ဇကာသ်ပေးရန် တာဝန်ရှိသည်။ ယနေ့ခေတ်တွင် ငွေစက္ကူများ၏ နိဆွာဗ်ပမာဏကို များသောအားဖြင့် ငွေသတ္တုဖြင့် တွက်ချက် သတ်မှတ်ကြသည်။ အကြောင်းမူကား ၎င်းသည် ရွှေထက် တန်ဖိုးနည်းပြီး ၎င်း၏ နိဆွာဗ်ပမာဏသို့ ရွှေထက်အရင် ရောက်ရှိသွားသောကြောင့် ဖြစ်သည်။

အကယ်၍ မွတ်စ်လင်မ်တစ်ဦးသည် ငွေ (၅၉၅) ဂရမ်နှင့် ညီမျှသော ပမာဏတန်ဖိုးကို ပိုင်ဆိုင်ပြီး၊ ယင်းပိုင်ဆိုင်မှုသည်လည်း (အစ္စလာမ့် ဟစ်ဂျရီခုနှစ်အရ) တစ်နှစ်ပြည့်သွားပါက ဇကာသ် ပေးဆောင်ရမည်ဖြစ်သည်။

ငွေတစ်ဂရမ်၏ တန်ဖိုးသည် တစ်ချိန်နှင့်တစ်ချိန် ပြောင်းလဲမှုရှိသည်။ သို့ဖြစ်ရာ မိမိထံတွင် ငွေကြေးအနည်းငယ်သာရှိပြီး ၎င်းငွေပမာဏသည် နိဆွာဗ် ပြည့်၊ မပြည့်ကို မသိရှိသူသည် ငွေကုန်သည်များထံမှ ငွေတစ်ဂရမ်၏တန်ဖိုးကို မေးမြန်းရမည်။ ထို့နောက် ၎င်းတန်ဖိုးကို (၅၉၅) ဖြင့် မြှောက်ရမည်။ ရရှိလာသော ရလဒ်သည် နိဆွာဗ် ပမာဏပင်ဖြစ်သည်။

မှတ်သားဖွယ်ရာ- အကယ်၍ မိမိ၏ ဥစ္စာပစ္စည်းမှ ဇကာသ်ကို ပေးဆောင်လိုပါက နိဆွာဗ်အား လေးဆယ်ဖြင့် စားရမည်။ ထွက်ပေါ်လာသော ရလဒ်သည် ပေးဆောင်ရန် သတ်မှတ်ထားသည့် အတိုင်းအတာပင် ဖြစ်သည်။

စတုတ္ထ- အရောင်းအဝယ်ပြုသည့် ကုန်ပစ္စည်းများ၏ ဇကာသ်။

၎င်းသည် အမြတ်အစွန်းရရှိရန်အတွက် အရောင်းအဝယ်ပြုရန် ပြင်ဆင်ထားသော အရာဖြစ်သည်။

အရောင်းအဝယ်ပြုသည့် ကုန်ပစ္စည်းများတွင် ငွေသားမဟုတ်သော ပစ္စည်းအမျိုးအစားအားလုံး ပါဝင်သည်။ ဥပမာ- ကားများ၊ အဝတ်အစားများ၊ အထည်အလိပ်များ၊ သံ၊ သစ်နှင့် အရောင်းအဝယ်ပြုရန် ရည်ရွယ်ထားသော အခြားပစ္စည်းများ စသည်တို့ဖြစ်သည်။

အရောင်းအဝယ်ပြုသည့် ကုန်ပစ္စည်းများ၏ ဇကာသ် တာဝန်ထိုက်ရန် လိုအပ်သည့် စည်းကမ်းချက်များ၊

၁။ မိမိ၏လုပ်ဆောင်မှုဖြင့် ၎င်းကို ပိုင်ဆိုင်ခြင်း။ ဥပမာ- အရောင်းအဝယ်ပြုခြင်း၊ ငှားရမ်းခြင်းနှင့် အခြားသော ဝင်ငွေရှာဖွေသည့် နည်းလမ်းများ စသည်တို့ဖြစ်သည်။

၂။ ကူးသန်းရောင်းဝယ်ရန် (နိယသ်)ရည်စူးချက်ဖြင့် ပိုင်ဆိုင်ထားခြင်းဖြစ်ရမည်။ ဆိုလိုသည်မှာ ၎င်းဖြင့် အကျိုးအမြတ်ရှာဖွေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အအ်မာလ် ကျင့်ဆောင်မှုများသည် (နိယသ်)ရည်စူးချက်အပေါ်တွင် မူတည်ပြီး ကူးသန်းရောင်းဝယ်ခြင်းသည်လည်း အမလ်ကျင့်ဆောင်မှုတစ်ခုဖြစ်ရာ အခြားသောအမလ်ကျင့်ဆောင်မှုများကဲ့သို့ပင် ၎င်း၌လည်း (နိယသ်)ရည်စူးချက် ပါရှိရန် အရေးကြီးသည်။

(၃) ၎င်း၏တန်ဖိုးသည် ရွှေ သို့မဟုတ် ငွေ နှစ်မျိုးအနက်မှ တစ်မျိုးမျိုး၏ နိဆွာဗ်ပမာဏသို့ ရောက်ရှိရမည်။

၄။ ၎င်းအပေါ်၌ တစ်နှစ်ပြည့်မြောက်ခြင်း၊ ၎င်းသည် တစ်နှစ်တာ ကုန်ဆုံးသွားခြင်းပင် ဖြစ်သည်။

အရောင်းအဝယ်ပြုသည့် ကုန်ပစ္စည်းများ၏ ဇကာသ်ထုတ်ရမည့်ပုစံ၊

ကုန်ပစ္စည်းများကို တစ်နှစ်ပြည့်မြောက်သောအခါ ငွေကြေးနှစ်မျိုးဖြစ်သည့် ရွှေ သို့မဟုတ် ငွေ တစ်မျိုးမျိုးဖြင့် တန်ဖိုးဖြတ်ရမည်ဖြစ်သည်။

၎င်းကို ရွှေ သို့မဟုတ် ငွေ တစ်မျိုးမျိုးဖြင့် တန်ဖိုးဖြတ်ပြီး သတ်မှတ်ထားသည့် နိဆွာဗ်ပမာဏသို့ ရောက်ရှိပါက ၎င်း၏ တန်ဖိုးမှ လေးဆယ်ပုံတစ်ပုံကို ထုတ်ပေးရမည်။

၅။ ဇကာသုလ် ဖိသ်ွရ်-

၎င်းသည် ရမဿွာန်လ ကုန်ဆုံးချိန်တွင် ပေးလှူရန်တာဝန်ရှိသော အလှူဒါနဖြစ်သည်၊

၎င်းကို ဟစ်ဂ်ျရီ ဒုတိယနှစ်တွင် ဖရ်ဿ်ွအဖြစ် ပြဋ္ဌာန်းခဲ့သည်။

၎င်း၏ အမိန့်ညတ်ချက်-

ဇကာသုလ်ဖိသ်ွရ်သည် အီးဒ်နေ့နှင့် ၎င်း၏ ညတွင် မိမိအတွက်နှင့် စားဝတ်နေရေးအတွက် မိမိတာဝန်ယူထားရသူများအတွက် လုံလောက်သည်ထက် ပိုလျှံသော စားနပ်ရိက္ခာကို ပိုင်ဆိုင်ထားသည့် မွတ်စ်လင်မ်တိုင်းအပေါ် ပေးဆောင်ရန် တာဝန်ရှိသည်။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ မွတ်စ်လင်မ်တိုင်းအပေါ်တွင် မပြုမနေရ တာဝန်ဖြစ်သည်။

"အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် ဇကာသုလ်ဖိသ်ွရ် ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။" [45]

ဖရ်ဿွ်၏ အဓိပ္ပါယ်မှာ- မဖြစ်မနေပြုလုပ်ရန် သတ်မှတ်ခြင်းနှင့် မပြုမနေရတာဝန်အဖြစ် ပြဌာန်းခြင်း ဖြစ်သည်။

၎င်းကို ပြဋ္ဌာန်းရခြင်း၏ ဟိက်မသ်အမြော်အမြင်မှာ-

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောကြားခဲ့သည်။

"အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် ဆွိယာမ်စောင့်ထိန်းသူအတွက် ၎င်းပြုလုပ်ခဲ့မိသည့် အချည်းနှီးကိစ္စရပ်များ၊ ညစ်ညမ်းသည့် စကားများမှ သန့်ပြန့်မှုရစေရန်နှင့် သူဆင်းရဲများအား ကျွေးမွေးရန် ဇကာသွလ်ဖိသွိရ်ကို ဖရဿ်ွအဖြစ် သတ်မှတ်တော်မူခဲ့သည်။" [46]။

[46] အဘူဒါဝူးဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၆၀၉)/ အိဗ်နေမာဂျဟ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၈၂၇) ရှိုက်ခ်အလ်ဗာနီက စွဟီဟ်အဘူဒါဝူးဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၆၀၉)တွင် ထိုဟဒီးစ်အား စွဟီဟ်ဟု မှတ်ချက်ပြုထားသည်။

တာဝန်ကျရောက်သည့်အချိန်နှင့် ပေးဆောင်ရမည့်အချိန်၊

အီးဒ်ည နေဝင်သည်နှင့် ဇကာသုလ်ဖိသ်ရ် ပေးဆောင်ရန် တာဝန်ရှိသည်။

အီးဒ်နေ့တွင် အီးဒ်ဆွလာသ်ဝတ်ပြုရန် မသွားမီအလျင် ပေးဆောင်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။

၎င်းအား အီးဒ်ဆွလာသ် ကျော်လွန်သည်အထိ နောက်ဆိုင်းထားခွင့် မရှိပါ။

အကယ်၍ ၎င်းအား အီးဒ်ဆွလာသ် ကျော်လွန်သည်အထိ နောက်ဆိုင်းထားခဲ့လျှင် သူ၏အပေါ်၌ ကဿွာပြန်ဖြည့်စွက်၍ ထုတ်ပေးရန်တာဝန်ရှိသည်။ ထို့ပြင် သတ်မှတ်ထားသည့်အချိန် ကျော်လွန်သည့်တိုင်အောင် နောက်ဆိုင်းထားခြင်းကြောင့် အပြစ်ထိုက်မည်ဖြစ်သည်။

အီးဒ် မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုတွင်လည်း ကြိုတင်ပေး‌ဆောင်ခွင့်ရှိသည်။

၎င်း၏ ပမာဏနှင့် ပေးရမည့် အရာများမှာ၊

ဒေသခံများ ပုံမှန်စားသုံးလေ့ရှိသော အစားအစာများဖြစ်သည့် ဆန်၊ စွန်ပလွံသီး၊ ဂျုံ သို့မဟုတ် အခြားအရာများမှ တစ်ဆွာအ် ပမာဏ။

တစ်ဆွာအ်၏ ပမာဏမှာ ၃ ကီလိုဂရမ်ခန့် ရှိသည်။

၎င်းအစား ငွေကြေးပေးခြင်းအားဖြင့် တန်ဖိုးငွေကို ထုတ်ပိုင်ခွင့် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ရစူလ်တမန်တော်(ﷺ)၏ အမိန့်တော်ကို ဆန့်ကျင်ရာရောက်သောကြောင့် ဖြစ်သည်။