Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

8 of 253 cards

Clear filters

Narrator

Show all narrators (54)
ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က မုချထိုအပြစ်သည် ကြီးမားပါသည်ဟု ပြောခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်သားသမီးက သင်နှင့်အတူခွဲဝေ စားသောက်ကြမည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်အိမ်နီးချင်း၏ ဇနီးအား (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကြောင်းအရာတစ်ခုကို မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်က အခြားအကြောင်းအရာတစ်ခုကို ထပ်လောင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်။ ကျွန်ုပ်ပြောခဲ့သည် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်းခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်အား ‘သရှဟ္ဟုဒ်’ကို ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်ကို သင်ပေးသည့်အတိုင်း သင်ကြားပေးတော်မူခဲ့သည်။ ထိုအခါ ကျွန်ုပ်၏လက်သည် ကိုယ်တော်၏ လက်နှစ်ဖက်ကြားတွင်ရှိသည်။ “အသ်သဟိယ္ယာသု လိလ္လာဟိ ဝတ်ဆ်ဆွလဝါးသု ဝသ်သွိုင်ယိဘားသု အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယု ဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟ အိလ်လလ္လာဟု ဝအရှ်ဟဒုအန်န မုဟမ္မဒန် အဗ်ဒုဟူ ဝရစူလုဟ်” (နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုရသော ခဝပ်မှုများသည်လည်းကောင်း၊ သန့်စင်သောစိတ်စေတနာနှင့်ပြုရသော ကောင်းမှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ် ကရုဏာတော်အပေါင်းသည် လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ကျရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်လည်း သက်ရောက်ပါစေ။ အရှင်မြတ်၏ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းတို့အပေါ်လည်းသက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို သက်သေခံအပ်ပါသည်။ မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
ပုဂ္ဂိုလ်တစ်ဦးက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့ အမိုက်ခေတ်တွင် ကျူးလွန်ခဲ့သော အပြစ်များနှင့်ပတ်သက်၍ အရေးယူခြင်းခံရမည်လောဟု မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ ကိုယ်တော်သည် ကျွန်တော့်အား ဤကောင်းမှုများကို မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ ကျွန်တော်က ထပ်မံမေးမြန်းလျှင် ကိုယ်တော်သည် ထပ်မံ၍ ဖြေကြားမည်ပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
မကြာမီ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အသင်တို့မနှစ်မြို့သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ သာဝကတော်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ကျေပွန်ရမည့်ဝတ္တရားများကို ကျေပွန်ကြကုန်။ အသင်တို့ ရရှိမည့်အရာများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းခံကြကုန်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း