Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

4 of 253 cards

Clear filters

Narrator

Show all narrators (54)
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ် သင်္ချိုင်းနှစ်ခုအနားမှ ဖြတ်သန်းသွားသည့်အခါ မိန့်ကြားတော်မူသည်မှာ « ဧကန်မုချ ၎င်းတို့နှစ်ဦးသည် အပြစ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦးသည် ကြီးကြီးမားမားကိစ္စအတွက် ပြစ်ဒဏ်ခံနေရခြင်းမဟုတ်ပေ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ကြင်ငယ်မှ‌ ရှောင်ကြဉ်ခြင်းမပြုသည့်အတွက်ဖြစ်သည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် စိမ်းစိုသည့် စွန်ပလွံကိုင်း တစ်ခုကိုယူ၍ ၎င်းအား နှစ်ပိုင်းချိုးကာ သင်္ချိုင်းနှစ်ခုစလုံးတွင် တစ်ပိုင်းစီ စိုက်ခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် အဘယ့်ကြောင့် ဤသို့ပြုလုပ်တော်မူပါသနည်းဟု မေးလျှောက်ရာ ကိုယ်တော်က ထိုအကိုင်းနှစ်ကိုင်းမခြောက်သ၍ ၎င်းတို့နှစ်ဦး၏ပြစ်ဒဏ် လျော့ပေါ့ပေးခြင်းခံရနိုင်ဖွယ်ရှိသည်ဟု မိန့်ကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ် ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက် အသင်သည် မတရားဖိနှိပ်ညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤနေ့ရက်များ(ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်)၌ ကောင်းမှုပြုလုပ်ခြင်းအား အခြားသောနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် အလ္လာဟ်အရှင်မြတ်သည် ပို၍နှစ်သက်တော်မူသည်။ သာဝကကြီးများက အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အရှင်မြတ်လမ်းတော်၌ ဂျိဟာဒ်လုပ်ခြင်းကို ပို၍နှစ်သက်သည် မဟုတ်လောဟု လျှောက်ထားခဲ့ကြရာ ကိုယ်တော်က မိန့်ကြားသည်မှာ အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်လုပ်ခြင်းကိုလည်း(ထိုရက်များ၏ ကောင်းမှုထက်) ပို၍မနှစ်သက်ပေ။ သို့သော် မိမိ၏အသက်ဇီဝိန်၊ ဥစ္စာပစ္စည်းတို့နှင့်တကွ ဂျိဟာဒ်ပြုရန်ထွက်သွားပြီး ၎င်းအရာများကို ပြန်မယူလာသည့် ပုဂ္ဂိုလ်သာလျှင် ပို၍နှစ်သက်ခြင်းခံရမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း၊ အဗူဒါဝူဒ်ကျမ်း ဤကျမ်းပါ စာသားအတိုင်းဖြစ်သည်။
ငါကိုယ်တော်သည် အရိုးအဆစ်ခုနှစ်ခုပေါ်တွင် စဂ်ျဒဟ်ဦးချရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ နဖူး၊ (ကိုယ်တော်သည် မိမိ၏လက်ဖြင့် မိမိနှာခေါင်းအား ညွှန်ပြခဲ့သည်။) လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်၏ ခြေချောင်းများဖြစ်သည်။ ထို့နောက် ကျွန်တော်တို့သည် အဝတ်များ၊ ဆံပင်များကို စုပြီးကိုင်မထားရန် အမိန့်ပေးခြင်းခံရသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း