Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

1 of 253 cards

Clear filters

Narrator

Show all narrators (54)
လူအချို့သည် စဟလ်ဗင်န် စအဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)ထံ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မင်န်ဗရ်ပလ္လင်အား မည်သည့်သစ်သားဖြင့် ပြုလုပ်ထားသည်နှင့်ပတ်သက်၍ အမြင်ကွဲပြားနေခဲ့ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ စဟလ်(ရဿွိယလ္လာဟုအန်ဟု)အား မေးမြန်းခဲ့ကြသည်။ ထိုအခါ စဟလ် (ရဿွိယလ္လာဟုအန်ဟု)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ပြောပါမည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အား မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို အမှန်ပင်သိရှိပါသည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အား ပထမဆုံးစတင်ထားရှိသည့်နေ့တွင်လည်းကောင်း၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ယင်းမင်န်ဗရ်ပလ္လင်ပေါ်၌ ပထမဆုံးထိုင်တော်မူခဲ့သည့်နေ့တွင်လည်းကောင်း မြင်တွေ့ခဲ့ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးထံ(ဆင့်ပြန်သူ စဟလ်က ထိုအမျိုးသမီး၏အမည်ကို ဖေါ်ပြခဲ့သည်။)စေ လွှတ်တော်မူပြီး အသင်မသည်မိမိ၏အစေခံလက်သမားကို ကျွန်ုပ်အတွက်သစ်သားများဖြင့် (ပလ္လင်တစ်ခု)ပြုလုပ်ပေးရန် ခိုင်းစေပါ။ ငါကိုယ်တော်သည် လူတို့အားတရားဟောကြားသည့်အခါ ၎င်းပေါ်တွင် ထိုင်တော်မူမည်ဟုပြောကြားစေခဲ့သည်။ ထိုအမျိုးသမီးသည် ကိုယ်တော်မှာကြားတော်မူသည့်အတိုင်း မိမိ၏အစေခံကျွန်အား ခိုင်းစေခဲ့ရာ ထိုကျွန်သည် တောအရပ်မှ ဆစ်နီသားဖြင့် ထိုပလ္လင်ကိုပြုလုပ်ခဲ့သည်။ ထို့နောက်ယင်းပလ္လင်ကို ၎င်းအမျိုးသ မီးထံယူဆောင်လာခဲ့သည်။ ထိုအခါ ထိုအန်ဆွာရီ အမျိုးသမီးသည် ယင်းပလ္လင်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ကိုယ်တော် ညွှန်ကြားသည့်နေရာတွင် ပလ္လင်ကိုထားလိုက်ကြသည်။ ထို့နောက် ကျွန်ုပ်သည် ကိုယ်တော့်အား ယင်းပလ္လင်ပေါ်၌ဆွလာသ်ဝတ်ပြုတော်မူခဲ့သည်ကိုမြင်တွေ့ခဲ့သည်။ ကိုယ်တော်သည်ပလ္လင်ပေါ်တွင် သက္ကဗီးရ် ဆိုတော်မူသည် ထို့နောက်ထိုပလ္လင်ပေါ်၌ပင် ရုကူအ် ဦးညွှတ်တော်မူသည်။ ထို့နောက် ကိုယ်တော်သည် ကိုယ်ကိုမလှည့်ဘဲ နောက်ပြန်ဆုတ်၍ (ပလ္လင်ပေါ်မှ)ဆင်းတော်မူပြီး ပလ္လင်ခြေရင်းတွင် စဂ်ျဒဟ် ဦးချတော်မူသည်။ ထို့နောက် ကိုယ်တော်သည် ပလ္လင်ပေါ်သို့ပြန်တက်၍ ဒုတိယအကြိမ် ထိုအ တိုင်းဝတ်ပြုတော်မူသည်။ ဝတ်ပြုပြီးသောအခါ ကိုယ်တော်သည် လူများရှိရာဘက်သို့လှည့်တော်မူပြီး « အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း