Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

14 of 253 cards

Clear filters
အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ် ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက် အသင်သည် မတရားဖိနှိပ်ညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများကြောင့် လောက၌ပင် ကျွေးမွေးခြင်းခံရပြီး နောင်တမလွန် အာခိရသ်သို့ရောက်သည့်အခါ ၎င်းအတွက် အစားပြန်လည်ရရှိမည့် မည်သည့်ကောင်းမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်၏ ပမာသည် ဆိတ်အုပ် နှစ်အုပ်ကြားထဲ၌ မည်သည့်ဘက်လိုက်ရမည်ကိုမသိသည့် ဆိတ်မကဲ့သို့ဖြစ်သည်။ ၎င်းသည် တစ်ကြိမ်တွင် ဤအုပ်စုဆီသို့သွားပြီး နောက်တစ်ကြိမ်တွင် နောက်အုပ်စုဆီသို့သွားသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ဂျာဟိလိယဟ် အမိုက်ခေတ်တွင် အိဗာဒသ် ကိုးကွယ်ဆည်းကပ်မှု၏ ရည်ရွယ်ချက်ဖြင့် ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်းနှင့် ဆွေမျိုးဆက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထိုကိစ္စများအတွက် အကျိုးတစ်စုံတစ်ရာရနိုင်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အသင်အလျင်ကပြုခဲ့သည့် ကောင်းမှုများဖြင့် သင်အစ္စလာမ်သာသနာဝင် ဖြစ်လာခြင်းဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
မုရှ်ရိက်အချို့သည် လူသတ်မှုကို အမြောက်အများကျူးလွန်ခဲ့ကြသည်။ ဇိနာအမှုကိုလည်း အမြောက်အများကျူးလွန်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အသင်အမိန့်ရှိနေသောအရာနှင့် အသင်ဖိတ်ခေါ်နေသောအရာသည် အလွန်ပင်ကောင်းမွန်ပေသည်။ ကျွန်တော်တို့ ယခင်ကကျူးလွန်ခဲ့သောအပြစ်များအား ပလပ်သွားစေမည့်အရာကို အသင်ပြောပြလျှင် ကောင်းလေစွဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ဤအာယသ်တော်ကျရောက်လာခဲ့သည်။ (၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။) ကုရ်အာန် (၂၅:၆၈) ၎င်းနောက် ဤအာယသ်တော်လည်း ကျရောက်လာခဲ့သည်။ ((အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။) ကုရ်အာန် (၃၉:၅၃)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟုဒိုင်ဗီယဟ်တွင် ညဘက်မိုးရွာသွန်းပြီးနောက် ကျွန်တော်တို့အား ဦးဆောင်ကာ ဖဂျရ်ဆွလာသ်ကို ဆောက်တည်ပေးတော်မူသည်။ ကိုယ်တော်သည် ဆွလာသ်ပြီးနောက် လူတို့ဘက်သို့လှည့်တော်မူပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူသည် ငါအရှင်မြတ်ကို ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် (မိုးရွားသွန်းသည်)ဟု ပြောဆိုသူသည်ငါအရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း