Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

1 of 253 cards

Clear filters
တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ် ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက် အသင်သည် မတရားဖိနှိပ်ညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း