Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

19 of 253 cards

Clear filters
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ငါကိုယ်တော်၏ ကောင်ဆရ်ရေကန်(၏အကျယ်အဝန်း)သည် တစ်လတာခရီး အကွာအဝေးမျှရှိ၏။ ၎င်း၏ရေသည် နို့ထက်ပို၍ဖြူပြီး ၎င်း၏ရနံ့သည် ကတိုးထက်သာပို၍ မွှေးကြိုင်သည်။ ၎င်းရေကန်၌ရှိသော ရေခွက်များသည် မိုးကောင်းကင်ရှိ ကြယ်တာရာတမျှရှိသည်။ ၎င်းရေကန်မှရေကို သောက်လိုက်သောသူသည် မည်သည့်အခါမှ ရေငတ်တော့မည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့် အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း