Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

1 of 253 cards

Clear filters
မည်သူမဆို (မိမိခေါင်းဆောင်၏) အမိန့်နာခံမှုကို စွန့်လွှတ်ကာ မွတ်စ်လင်မ်တို့၏ ဂျမာအသ်မှ ခွဲထွက်ပြီး သေဆုံးခဲ့ပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏သေခြင်းမျိုးဖြင့် သေဆုံးခြင်းဖြစ်သည်။ မည်သူမဆို (အမှားအမှန် ခွဲခြားနိုင်ခြင်းမရှိသော) မျက်ကန်းမျိုးချစ် အလံအောက်မှ လူမျိုးစွဲဖြင့် အမျက်ထား တိုက်ခိုက်မည်။ သို့မဟုတ် လူမျိုးစွဲထားရန် ဖိတ်ခေါ်မည်။ သို့မဟုတ် လူမျိုးစွဲထားခြင်းကို အကူအညီပေးပြီး အသတ်ခံရပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၌ အသတ်ခံရပြီး သေဆုံးသကဲ့သို့ဖြစ်သည်။ အကြင်သူသည် ငါ၏အွမ္မသ်သားတို့ကို ဆန့်ကျင်ပုန်ကန်ပြီး လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မည်။ မုအ်မင်န် ယုံကြည်သူများကို ရှောင်ရှားခြင်းလဲမရှိ၊ (အသက်ကို ကာကွယ်မှုပေးရန်) ကတိကဝတ် ပြုထားသူများ၏ ကတိကိုလည်း လိုက်နာစောင့်ထိန်းခြင်းလဲမရှိခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ နောက်လိုက် မဟုတ်သလို ငါကိုယ် တော်သည်လည်း ထိုသူနှင့် မသက်ဆိုင်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း