Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

1 of 253 cards

Clear filters
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မကွယ်လွန်မီငါးရက်အလိုတွင် မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချအဗူဗကရ်(ရဿွိယလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။ ကောင်းစွာသတိပြုကြလေကုန် အသင်တို့အလျင်ရှိခဲ့ကြသော သူတို့သည် ၎င်းတို့နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။ ကောင်းစွာသတိပြုကြလေကုန် သင်တို့သည် ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် မပြုလုပ်ကြနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းအား ငါကိုယ်တော် သင်တို့အား တားမြစ်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း