Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

28 of 253 cards

Clear filters
ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကြောင်းအရာတစ်ခုကို မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်က အခြားအကြောင်းအရာတစ်ခုကို ထပ်လောင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်။ ကျွန်ုပ်ပြောခဲ့သည် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်းခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ မုအာဇ်သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင်လိုက်ပါခဲ့သည်။ ကိုယ်တော်က အို-မုအာဇ်ဗင်န်ဂျဗလ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုသို့ သုံးကြိမ်ခေါ်တော်မူပြီးနောက် ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။ ထိုအခါ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် လူတို့ဝမ်းမြောက်ပျော်ရွှင်ကြစေရန်အတွက် ဤသတင်းကို ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ပြောပြလိုက်လျှင် ၎င်းတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှုမပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ထို့ကြောင့် မုအာဇ်သည် ကွယ်လွန်ခါနီးအချိန်၌ (အသိပညာကို ဖုံးကွယ်ထားသည့်) အပြစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုအကြောင်းကို ပြောပြခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
လူတို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)အား နက္ခတ်ဗေဒင်အကြားအမြင်ဆရာများနှင့် ပတ်သက်၍ လျှောက် ထားမေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့သည် ဘာမှမဟုတ်ချေဟု ဖြေကြားတော်မူသည်။ ထိုအခါ လူတို့က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် တစ်ခါတစ်ရံ ၎င်းတို့သည် ကျွန်တော်တို့အား တစ်စုံတစ်ရာ ပြောကြားလိုက်ရာ ထိုကိစ္စသည်အမှန်ဖြစ်နေပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတွင် ဝဖာသ်ကွယ်လွန်ချိန် ကျရောက်လာသည့်အခါ ကိုယ်တော်သည်မိမိ၏ခြုံစောင်ကို မိမိ၏ မျက်နှာတော်ပေါ် စတင်ဖုံးအုပ်တော်မူလေသည်။ ထို့နောက်ကိုယ်တော်မြတ်သည် ၎င်းခြုံစောင်ကြောင့် မွန်းကျပ်လာသည့်အခါ မိမိ၏ မျက်နှာတော်မှ ၎င်းခြုံစောင်ကို ဖယ်ရှားလိုက်၏။ ထိုအခြေနေမျိုး၌ မိန့်ကြားတော်မူသည်။ ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ကိုယ်တော်မြတ်သည် မိမိ၏နောက်လိုက်သားတို့အား ၎င်း(ယဟူဒ်၊နဆွာရာ)တို့ လုပ်ကြသကဲ့သို့ မလုပ်ကြစေရန် သတိပေးခြိမ်းခြောက်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်တော်သည် မြည်းပေါ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏နောက်မှ လိုက်ပါစီးနင်းခဲ့သည်။ ထိုမြည်း၏နာမည်မှာ အုဖွိုင်းရ် ဖြစ်သည်။ ကိုယ်တော်က အို-မုအာဇ် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့်ဝတ္တရားကို သင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထိုအခါ ကျွန်တော်က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤသတင်းကို လူတို့အား ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ၎င်းတို့အား မပြောပြလေနှင့် ပြောပြလိုက်လျှင် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှု မပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း