Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

2 of 253 cards

Clear filters
လူတို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)အား နက္ခတ်ဗေဒင်အကြားအမြင်ဆရာများနှင့် ပတ်သက်၍ လျှောက် ထားမေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့သည် ဘာမှမဟုတ်ချေဟု ဖြေကြားတော်မူသည်။ ထိုအခါ လူတို့က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် တစ်ခါတစ်ရံ ၎င်းတို့သည် ကျွန်တော်တို့အား တစ်စုံတစ်ရာ ပြောကြားလိုက်ရာ ထိုကိစ္စသည်အမှန်ဖြစ်နေပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် အီသီယိုးပီးယားနိုင်ငံတွင် သူမ မြင်တွေ့ခဲ့သည့် ‘မာရီယာ’ဟုခေါ်သော နဆွ်ရာနီ ဘုရားကျောင်းအကြောင်းကို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား တင်ပြခဲ့သည်။ ထို့ပြင် ထိုကျောင်းထဲ၌ သူမ မြင်တွေ့ခဲ့ရသည့် ရုပ်ပုံများအကြောင်းကိုလည်း ကိုယ်တော့်အား တင်ပြခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကို ကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း