Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

5 of 253 cards

Clear filters
အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုဆိုသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု မပြုဘဲသေဆုံးခဲ့လျှင် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြု၍ သေဆုံးခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။ တစ်ခုအစား ၎င်းနှင့်ညီမျှသည့် တစ်ခုရရှိခြင်းဆိုသည်မှာ မည်သူမဆို မိမိ၏စိတ်နှလုံးသား အတွင်းမှပင် ခံစားမိသည်အထိ ကောင်းမှုပြုလုပ်ရန် ရည်ရွယ်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အကြွင်းမဲ့သိရှိတော်မူပြီး ထိုသူ့အတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို မကောင်းမှုတစ်ခုကို လက်တွေ့ကျူးလွန်လိုက်ပါက ထိုသူ့အတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို ကောင်းမှုတစ်ခု ပြုလုပ်ခဲ့ပါက အကျိုးကုသိုလ်ဆယ်ဆရရှိမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းခဲ့ပါက အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိမည်ဖြစ်သည်။ လူတို့တွင် အချို့သည် လောကီတွင် ကြွယ်ဝပြီး နောင်တမလွန်တွင် ကျပ်တည်းသူများဖြစ်သည်။ အချို့သည် လောကီတွင် ကျပ်တည်းပြီး နောင်တမလွန်တွင် ကြွယ်ဝသူများဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကျပ်တည်းသူများဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကြွယ်ဝသူများဖြစ်ကြသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း
မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း
အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း