Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

50 of 253 cards

Clear filters
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားသဖြင့် ခရီးမသွားနိုင်ပါ။ သို့ဖြစ်၍ ကျွန်တော်မျိုးအား စီးနင်းစရာ ပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က ငါကိုယ်တော်၌မရှိပါဟု ပြောကြားခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ် အရွံမုန်းဆုံးသူမှာ အလွန်ပြဿနာရှာတတ်သူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ ဝုဿွူရေထဲသို့ လက်နှစ်ဖက်ကို မထည့်မီအလျင် သုံးကြိမ်ဆေး ကြောပါ။ အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို အသင်တို့အနက် မည်သူမျှပင် မသိနိုင်ကြချေ။ မွတ်စ်လင်မ်ကျမ်းလာ စာသားတွင် အသင်တိုအနက်တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ မိမိ၏လက်ကို သုံးကြိမ်သုံးခါ မ‌ဆေးကြောဘဲ အိုး၊ ခွက်ထဲသို မထည့်ပါနှင့်။ ၎င်းအနေဖြင့် အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သည့်အတွက်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလား။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တဖန်ကိုယ်တော်က အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နှုတ်လျှာကြမ်းတမ်းသူ မဟုတ်သလို စက်ဆုပ်ဖွယ်ရာများကို ပြောဆိုသူလည်း မဟုတ်ပေ။ ကိုယ်တော်က မိန့်ကြားလေ့ရှိသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက် အကောင်းဆုံးသူသည် ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ပုဂ္ဂိုလ်တစ်ဦးသည် တမန်‌တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါး၌ ဘယ်လက်ဖြင့် စားနေခဲ့သည်။ ထိုအခါ ကိုယ်‌တော်က အသင်ညာလက်ဖြင့် စားပါဟု ပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်က ကျွန်ုပ်မတတ်နိုင်ပါဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က သင်မတတ်နိုင်ဘူးပေါ့ဟု မိန့်ကြားခဲ့သည်။ မာနတရားကသာ သူ့အား (ညာလက်ဖြင့်စားရန်) တားဆီးခဲ့ခြင်းဖြစ်သည်။ ဆင့်ပြန်သူက ပြောသည်မှာ ထိုပုဂ္ဂိုလ်သည် မိမိ၏ပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မြတ်တော်မူသော မိမိ၏အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ « ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ထို့ကြောင့် သင်သည် မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။»
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။ သာဝကကြီးများက ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကိုယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအားမတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ပစ္စည်းဥစ္စာကိုစားခြင်း၊ စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင် ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း