Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

2 of 253 cards

Clear filters
အိမာမ်‌ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ကို မကြောက်ရွံ့‌လေသလော။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။ ၎င်းက (غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ) (စူရဟ် ဖာသိဟဟ် :၇)ကို ရွတ်ဆိုသည့်အခါ အသင်တို့ အာမီးန် ဆိုကြပါ။ အသင်တို့ (၏တောင်းဆု)ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည်။ ၎င်းက သက္ကဗီရ်ဆိုပြီး ဦးညွှတ်သည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးညွှတ်ကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးညွှတ်ရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ (ဦးညွှတ်ရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ အိမာမ်က ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အရှင်မြတ်လက်ခံတော်မူပါ)ဟု ဆိုလျှင် အသင်တို့က ‘အလ္လာဟွမ္မ ရဗ္ဗနာလကလ်ဟမ်ဒ်’(အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာလျှင်ဖြစ်ပါ၏)ဟု ဆိုကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့(၏ တောင်းဆု)ကိုကြားသိတော်မူ၏။ ဧကန်မုချ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအားချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းထောမနာပြုမှုကို လက်ခံတော်မူကြောင်း မိမိ၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နှုတ်တော်မှတဆင့် အမိန့်ရှိတော်မူခဲ့သည်။ အိမာမ်က သက္ကဗီရ်ဆိုပြီး ဦးချသည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးချကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးချရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ (ဦးချရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ ‘သရှဟ်ဟုဒ်’ ဖတ်ရန် ထိုင်သည့်အခါ အသင်တို့အနက် လူတိုင်းပထမဦးဆုံးရွတ်ဖတ်ရမည့်အရာမှာ “အသ်ဟိယ္ယာသုသ် သွိုက်ယိဘာသုဆ် ဆွလဝါးသု လိလ်လာဟိ အတ်စ် စလာမုအလိုင်က အိုက်ယုဟန်နဗိယ္ယု ဝရဟ်မသွလ်လာဟိ ဝဘရကားသုဟူ၊ အတ်စ် စလာမုအလိုင်းနာ ဝအလာ အိဘာဒိလ်လာဟိစ်စွာလိဟီးန်၊ အရှ်ဟဒုအန်လ် လာအိလာဟ အိလ်လလ်လာဟု ဝအရှ်ဟဒု အန်န မုဟမ္မဒန် အဗ်ဒုဟူ ဝရစူလုဟူ” နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်နှင့် အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းများ အပေါ်သို့ သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင်မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း