Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

5 of 253 cards

Clear filters
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်အား အဆုံးသတ်ပြီးသည့်အခါ “အတ်စ်သဂ်ဖိရုလ္လာဟ်” သုံးကြိမ်နှင့် “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ) ဝလီးဒ် ကပြောပြခဲ့သည်။ ကျွန်တော်က အောင်ဇာအီအား အစ္စသိဂ်ဖာရ် မည်သို့ ဖတ်ရမည်နည်းဟု မေးမြန်းခဲ့ရာ ၎င်းက “အတ်စ်သဂ်ဖိရုလ္လာဟ်” “အတ်စ်သဂ်ဖိရုလ္လာဟ်” ဟူ၍ဖတ်ပါဟု ပြောကြားခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုကူအ် ဦးညွှတ်ရာမှ မိမိ၏ကျောကိုပြန်ကြွသည့်အခါ ဤဇိက်ရ်ကို ရွတ်ဆိုလေ့ရှိတော်မူသည်။ “စမိအလ္လာဟု လိမန်ဟမိဒဟ်၊ အလ္လာဟုမ္မ ရဗ္ဗနာလကလ်ဟမ်ဒ် မိလ်အတ်စ် စမာဝါသိ ဝမိလ်အလ် အရ်ဿွိ ဝမိလ်အ မာရှိအ်သ မင်န်ရှိုင်းအင်န် ဗအ်ဒု” (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏။ အရှင်မြတ်သည် မိုးကောင်းကင်နှင့်အမျှဖြစ်သော၊ မြေပထဝီနှင့်အမျှဖြစ်သော အရှင်မြတ်အလိုရှိတော်မူသည့် နယ်ပယ်အမျှဖြစ်သော ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံယူထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်။).
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အစ်ဗ်နုဇုဗိုင်းရ် (ရဿွိယလ္လာဟုအန်ဟု)သည် စလာမ်လှည့်ပြီးသည့်အခါ ဆွလာသ်တိုင်း၏နောက်တွင် ဤသို့ရွတ်ဆိုလေ့ရှိသည်။ «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ، لَا إِلَهَ إِلَّا اللهُ، وَلَا نَعْبُدُ إِلَّا إِيَّاهُ، لَهُ النِّعْمَةُ وَلَهُ الْفَضْلُ وَلَهُ الثَّنَاءُ الْحَسَنُ، لَا إِلَهَ إِلَّا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ» အဓိပ္ပာယ်။ အလ္လာဟ်အရှင်မြတ်သည် အတုမဲ့အနှိုင်းမဲ့၍ ဆည်းကပ်ကိုးကွယ်မှုအပေါင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်၏။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ချီးမွမ်းထောမနာခြင်းဟူသမျှသည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။ မကောင်းမှုမှ ရှောင်ကြဉ်နိုင်ခြင်းနှင့် ကောင်းမှုများ ပြုကျင့်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးသနားတော်မူခြင်းကြောင့်သာ ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ၎င်းအပြင် ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ နိအ်မသ် စည်းစိမ်အပေါင်းနှင့် ကျေးဇူးတရားအဖြာဖြာတို့သည် ထိုအရှင်မြတ်ထံတော်ပါးမှသာလျှင် ဖြစ်တော်မူသည်။ ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ကာဖိရ်များ မနှစ်သက်ကြစေကာမူ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အား အိခ်လာဆွ်ဖြင့် ခဝပ်ကိုးကွယ်ပါ၏။ ထို့နောက် ၎င်းကပြောပြသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်း၏နောက်တွင် ထိုကလိမဟ်တော်များကို ရွတ်ဆိုခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။ “လာအိလာဟ အိလ်လလ္လာဟု ဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိ ရှိုင်အင်န်ကဒီးရ်၊ အလ္လာဟုမ်မ လာမာနိအ လိမာအအ်သွိုင်းသ ဝလာမုအ်သွိယ လိမာမနအ်သ ဝလာယန်ဖအုဇလ်ဂျဒ်ဒိ မင်န်ကလ်ဂျဒ်ဒု“ (တုဖက်ယှဉ်ဖက်မရှိဘဲ တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျဉ်းမရှိ၊ စိုးပိုင်မှုဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်းအပေါင်းတို့သည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ အို - အလ္လာဟ်အရှင်မြတ် အရှင်မြတ်ပေးကမ်းချီးမြှင့်တော်မူသောအရာကို တားဆီးပိတ်ပင်နိုင်သူမရှိပါ။ အရှင်မြတ် တားဆီးပိတ်ပင်ထားသောအရာကိုလည်း ပေးကမ်းချီးမြှင့်နိုင်သူမရှိပါ။ ဥစ္စာဓနသည် ဥစ္စာဓနရှင်အား အရှင်မြတ်နှင့်ဆန့်ကျင်၍ အကျိုးမပြုနိုင်ပါ။)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဒုအာကို တောင်းခံလေ့ရှိတော်မူသည်။ “အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ အန္တရာယ်မှလည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်ပါး၌ ခိုလှုံပါ၏။) မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- သင်တို့အနက် တစ်ဦးတစ်ယောက်သည် နောက်ဆုံး “သရှဟ္ဟုဒ်” ပြီးဆုံးသွားသည့်အခါ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်၏ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေချိန်နှင့် ကွယ်လွန်ချိန်တွင် ကြုံတွေ့ရမည့် ဖိသ်နဟ် စမ်းသပ်မှုများမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ ဖိသ်နဟ် စမ်းသပ်မှုမှလည်းကောင်း ခိုလှုံခွင့်တောင်းခံပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း