Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

1 of 253 cards

Clear filters
အစ်ဗ်နုဇုဗိုင်းရ် (ရဿွိယလ္လာဟုအန်ဟု)သည် စလာမ်လှည့်ပြီးသည့်အခါ ဆွလာသ်တိုင်း၏နောက်တွင် ဤသို့ရွတ်ဆိုလေ့ရှိသည်။ «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ، لَا إِلَهَ إِلَّا اللهُ، وَلَا نَعْبُدُ إِلَّا إِيَّاهُ، لَهُ النِّعْمَةُ وَلَهُ الْفَضْلُ وَلَهُ الثَّنَاءُ الْحَسَنُ، لَا إِلَهَ إِلَّا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ» အဓိပ္ပာယ်။ အလ္လာဟ်အရှင်မြတ်သည် အတုမဲ့အနှိုင်းမဲ့၍ ဆည်းကပ်ကိုးကွယ်မှုအပေါင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်၏။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ချီးမွမ်းထောမနာခြင်းဟူသမျှသည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။ မကောင်းမှုမှ ရှောင်ကြဉ်နိုင်ခြင်းနှင့် ကောင်းမှုများ ပြုကျင့်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးသနားတော်မူခြင်းကြောင့်သာ ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ၎င်းအပြင် ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ နိအ်မသ် စည်းစိမ်အပေါင်းနှင့် ကျေးဇူးတရားအဖြာဖြာတို့သည် ထိုအရှင်မြတ်ထံတော်ပါးမှသာလျှင် ဖြစ်တော်မူသည်။ ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ကာဖိရ်များ မနှစ်သက်ကြစေကာမူ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အား အိခ်လာဆွ်ဖြင့် ခဝပ်ကိုးကွယ်ပါ၏။ ထို့နောက် ၎င်းကပြောပြသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်း၏နောက်တွင် ထိုကလိမဟ်တော်များကို ရွတ်ဆိုခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း