Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

73 of 253 cards

Clear filters
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ ဝုဿွူရေထဲသို့ လက်နှစ်ဖက်ကို မထည့်မီအလျင် သုံးကြိမ်ဆေး ကြောပါ။ အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို အသင်တို့အနက် မည်သူမျှပင် မသိနိုင်ကြချေ။ မွတ်စ်လင်မ်ကျမ်းလာ စာသားတွင် အသင်တိုအနက်တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ မိမိ၏လက်ကို သုံးကြိမ်သုံးခါ မ‌ဆေးကြောဘဲ အိုး၊ ခွက်ထဲသို မထည့်ပါနှင့်။ ၎င်းအနေဖြင့် အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သည့်အတွက်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အုပ်ထိန်းသူမပါဘဲ နိကာဟ်ထိမ်းမြားမှု အထမြောက်မည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ (၁၀)ရကအသ်ကို ကျက်မှတ်ခဲ့သည်။ "ဇုဟ်ရ် ဆွလာသ်၏အလျင် နှစ်ရကအသ် ဇုဟ်ရ် ဆွလာသ်ပြီး နှစ်ရကအသ်" "မဂ်ရိဗ်ဆွလာသ်ပြီး အိမ်တွင် နှစ်ရကအသ်" "အိရှာဆွလာသ်ပြီး အိမ်တွင်နှစ်ရကအသ်” "ဖဂျရ်ဆွလာသ်အလျင် နှစ်ရကအသ်”တို့ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ မည်သူတစ်ဦးတစ်ယောက်မျှ မဝင်ရောက်ရသည့် အချိန်တစ်ချိန်ရှိသည်။ ဟဖ်ဆွဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကျွန်ုပ်ကို‌ ပြောပြခဲ့သည်။ ဧကန်မုချ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအဇ္ဇင်န် အဇာန်ဆိုပြီး ဖဂျရ် အချိန်ဝင်ရောက်သည့်အခါ ဆွလာသ်နှစ်ရကအသ် ဖတ်လေ့ရှိသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် ဧကန်မုချ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျုမုအဟ် ဆွလာသ်ဝတ်ပြုပြီးနောက် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုလေ့ရှိတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ၎င်း၏ဆင့်ပြန်ချက်အားလုံးသည် ဗုခါရီကျမ်းနှင့်မွတ်စ်လင်မ်ကျမ်းတွင် ပါရှိသည်။
အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း
အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အကြင်သူသည် ဆွလာသ်ဆောက်တည်ရန် မေ့လျော့သွားပါက ၎င်းအားသတိရသည့်အခါ ပြန်လည်ဆောက်တည်လိုက်ပါ။ ထိုသို့ဆောက်တည်ခြင်းမှလွဲ၍ အပြစ်ကိုချေဖျက်ပေးမည့် အခြားအရာဟူ၍မရှိပေ။ (ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။) ကုရ်အာန် (၂၀:၁၄)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)သည် (မတ်စ်ဂျိဒ်နဗဝီ)ဝတ်ကျောင်းတော်ကို ပြန်လည်ဆောက်လုပ်ရန် ရည်ရွယ်သည့်အခါ လူများက ထိုအကြံကို မနှစ်သက်ကြဘဲ ဝတ်ကျောင်းတော်ကို ယခင်အတိုင်းထားရှိရန်သာ နှစ်သက်ကြသည်။ ထိုအခါ အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ဗလီတစ်လုံးဆောက်လုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ထိုကဲ့သို့(အဆောင်တစ်ဆောင်)ဆောက်လုပ်ပေးတော်မူမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
မွတ်စ်လင်မ်တိုင်းအပေါ် ၌ တစ်ပတ်လျှင်တစ်ရက် မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း