Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

86 of 253 cards

Clear filters
တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ် ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက် အသင်သည် မတရားဖိနှိပ်ညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အရာရာတိုင်းသည်သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်ပေါ်လာခြင်းဖြစ်၏။ မစွမ်းဆောင်နိုင်ခြင်းနှင့် စွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သို့မဟုတ် စွမ်းဆောင်နိုင်ခြင်းနှင့် မစွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာ ဖြစ်ပေါ်လာခြင်းဖြစ်၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကောင်ဆရ်ရေကန်၏ ရေခွက်မှာအဘယ်သို့ပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဧကန်အမှန် ၎င်းရေကန်၏ရေခွက်များသည် မှောင်မိုက်၍ တိမ်ကင်းစင်သည့်ည၌ မိုးကောင်းကင်ရှိ ကြယ်များ၊ ဂြိုဟ်များထက်ပင် ပို၍များပြားသည်။ ထိုရေခွက်များသည် ဂျန္နသ်သုခဘုံ၏ ရေခွက်များဖြစ်ကြပြီး ထိုခွက်မှသောက်သုံးလိုက်သူသည် မည်သည့်အခါတွင်မျှ ရေငတ်တော့မည်မဟုတ်ပေ။ ထိုရေကန်ထဲသို့ ဂျန္နသ်သုခဘုံမှ ရေတံလျှောက်နှစ်ခု စီးဝင်လျက်ရှိသည်။ ၎င်းရေကန်မှရေကို သောက်လိုက်သူသည် မည်သည့်အခါမှ ရေငတ်မည်မဟုတ်တော့ပေ။ ထိုကန်၏အနံနှင့် အလျားသည် တူညီပြီး အမ္မာန်မှ အိုင်လဟ်ဒေသနှစ်ခုကြား အကွာအဝေးမျှ ကျယ်ဝန်းသည်။ ၎င်း၏ရေသည် နို့ထက်ပို၍ဖြူပြီး ပျားရည်ထက်ပို၍ချိုမြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့သည့်အရာတိုင်းကို ကျက်မှတ်လို၍ ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားခြင်းကို ကုရိုင်ရှ်တို့က ကျွန်ုပ်အားတားမြစ်ခဲ့ကြသည်။ ၎င်းတို့ကပြောကြသည်မှာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိသမျှကို ရေးမှတ်လေသလော။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတစ်ဦးပင်ဖြစ်ပြီး ဒေါသထွက်သည့်အခါ၌ဖြစ်စေ၊ စိတ်ကျေနပ်သည့်အခါ၌ဖြစ်စေ စကားပြောဆိုတတ်သည်။ ထိုအခါ ကျွန်တော်သည်ရေးမှတ်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ကျွန်တော်သည် ထိုအကြောင်းရာကို ကိုယ်တော့်အားတင်ပြခဲ့သည်။ ကိုယ်တော်သည် မိမိနှုတ်တော်အား မိမိ၏လက် ချောင်းဖြင့် ညွှန်ပြ၍ မိန့်ကြားတော်မူသည်မှာ အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း
လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပြီး ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။ ၎င်းကဆက်လက်ပြောပြသည်မှာ ကျွန်တော်သည် ထိုအတိုင်းပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဂျန္နသ်နှင့် ဂျဟန္နမ်) ဝါဂျိဗ် ထိုက်စေမည့် အချက်နှစ်ချက်မှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း