Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

4 of 253 cards

Clear filters
ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က မုချထိုအပြစ်သည် ကြီးမားပါသည်ဟု ပြောခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်သားသမီးက သင်နှင့်အတူခွဲဝေ စားသောက်ကြမည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်အိမ်နီးချင်း၏ ဇနီးအား (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကြောင်းအရာတစ်ခုကို မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်က အခြားအကြောင်းအရာတစ်ခုကို ထပ်လောင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်။ ကျွန်ုပ်ပြောခဲ့သည် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်းခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ပုဂ္ဂိုလ်တစ်ဦးက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့ အမိုက်ခေတ်တွင် ကျူးလွန်ခဲ့သော အပြစ်များနှင့်ပတ်သက်၍ အရေးယူခြင်းခံရမည်လောဟု မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း