Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

4 of 253 cards

Clear filters
အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်ကို ကောင်းစေလိုပါက ထိုသူ့အား သာသနာရေးနှင့် စပ်လျဉ်း၍ နားလည်နိုင်စွမ်း ချီးမြှင့်တော်မူသည်။ ငါကိုယ်တော်သည် ဝေငှပေးသူဖြစ်ပြီး အလ္လာဟ်အရှင်ကသာ ပေးကမ်းချီးမြှင့်တော်မူသည်။ ဤအွမ္မသ်(အနက် အုပ်စုတစ်စု)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အပေါ်တွင် အစဉ်အမြဲရပ်တည်လျက်ရှိနေမည်။ ၎င်းတို့အား ဆန့်ကျင်သူများသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်(ကိယာမသ်) ဆိုက်ရောက်လာသည်အထိ ၎င်းတို့အား နစ်နာဆုံးရှုံးအောင် ပြုနိုင်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း
အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလား။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တဖန်ကိုယ်တော်က အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း