Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

36 of 253 cards

Clear filters
လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်ရောက်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် တသ ပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းမရှိသလို၊ ညစာလည်းနေရာမရှိတော့ပါဟု ပြောကြားသည်။ အကယ်၍ ထိုသူသည် အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်လာသည့်အချိန်တွင် တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား)သင်တို့အတွက် ညအိပ်မည့်နေရာရှိပြီဖြစ်သည်ဟု ပြောကြားသည်။ အကယ်၍ ထမင်းစားသည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းရှိပြီး ညစာအတွက်လည်းရှိသည်ဟု ပြောကြားသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ငါကိုယ်တော်သည် အသင်တို့အား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းတော်မူခဲ့သည်။ ကျွန်တော်တို့က အို -အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အမှန်ပင် ပြောပြတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။ ထိုသို့ဖြေကြားပြီးနောက် ကိုယ်တော်သည် မှီလျက်ရှိနေရာမှ ထိုင်တော်မူ၍ မိန့်ကြားသည်မှာ ကောင်းစွာသတိပြုကြပါ။ မုသားစကားပြောဆိုခြင်းဖြစ်သည်။ ကိုယ်တော်သည် ထိုစကားကို ထပ်ခါထပ်ခါ မိန့်ကြားတော်မူနေရာ တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု ကျွန်တော်တို့(စိတ်ထဲ၌) ကိုယ်တော့်အား (ကြင်နာ၍) ပြောဆိုမိကြသည်အထိ ဖြစ်ခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
“ကဗီရဟ်” ပြစ်မှုကြီးများမှာ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ (၂) မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း (၃) အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း (၄) မုသားကျိန်ဆိုခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့် အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း