Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

33 of 253 cards

Clear filters
အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကလိမဟ်တော် နှစ်ခုသည် နှုတ်လျှာပေါ်တွင် (ရွတ်ဆိုရာ၌) လွယ်ကူ ပေါ့ပါးပြီး (မီဇာန်) ချိန်ခွင်၌ အချိန်စီးသည်။ အနန္တကရုဏာရှင်ထံတော်၌လည်း နှစ်သက်ဖွယ်ရာဖြစ်သည်။ ၎င်းတို့မှာ ( سُبْحَانَ اللّٰهِ الْعَظِيمِ ، سُبْحَانَ اللّٰهِ وَبِحَمْدِهِ )ဖြစ်သည်။ အဓိပ္ပါယ်- (ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူပြီး ချီးမွမ်းထောမနာခြင်းဟူသမျှသည် အရှင်မြတ်အတွက်သာ ဖြစ်တော်မူ၏။)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ် သင်္ချိုင်းနှစ်ခုအနားမှ ဖြတ်သန်းသွားသည့်အခါ မိန့်ကြားတော်မူသည်မှာ « ဧကန်မုချ ၎င်းတို့နှစ်ဦးသည် အပြစ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦးသည် ကြီးကြီးမားမားကိစ္စအတွက် ပြစ်ဒဏ်ခံနေရခြင်းမဟုတ်ပေ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ကြင်ငယ်မှ‌ ရှောင်ကြဉ်ခြင်းမပြုသည့်အတွက်ဖြစ်သည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် စိမ်းစိုသည့် စွန်ပလွံကိုင်း တစ်ခုကိုယူ၍ ၎င်းအား နှစ်ပိုင်းချိုးကာ သင်္ချိုင်းနှစ်ခုစလုံးတွင် တစ်ပိုင်းစီ စိုက်ခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် အဘယ့်ကြောင့် ဤသို့ပြုလုပ်တော်မူပါသနည်းဟု မေးလျှောက်ရာ ကိုယ်တော်က ထိုအကိုင်းနှစ်ကိုင်းမခြောက်သ၍ ၎င်းတို့နှစ်ဦး၏ပြစ်ဒဏ် လျော့ပေါ့ပေးခြင်းခံရနိုင်ဖွယ်ရှိသည်ဟု မိန့်ကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည်။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယသ်တော်များလည်းရှိပေ၏။ ယင်းအာယသ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယသ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယသ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ်၊ မုသရှာဗိဟာသ်၊ အာယသ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ “အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။”
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပြီး ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။ ၎င်းကဆက်လက်ပြောပြသည်မှာ ကျွန်တော်သည် ထိုအတိုင်းပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။ ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောကမီးဖြင့်ပင် (အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်)လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည်လောကီမီးထက် အဆပေါင်း (၆၉)ဆသာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီးနှင့်ညီမျှ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
“စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ် ဝလာအိလာဟ အိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အဓိပ္ပါယ်- အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွက်ဆိုရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း