Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

9 of 253 cards

Clear filters
အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကလိမဟ်တော် နှစ်ခုသည် နှုတ်လျှာပေါ်တွင် (ရွတ်ဆိုရာ၌) လွယ်ကူ ပေါ့ပါးပြီး (မီဇာန်) ချိန်ခွင်၌ အချိန်စီးသည်။ အနန္တကရုဏာရှင်ထံတော်၌လည်း နှစ်သက်ဖွယ်ရာဖြစ်သည်။ ၎င်းတို့မှာ ( سُبْحَانَ اللّٰهِ الْعَظِيمِ ، سُبْحَانَ اللّٰهِ وَبِحَمْدِهِ )ဖြစ်သည်။ အဓိပ္ပါယ်- (ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူပြီး ချီးမွမ်းထောမနာခြင်းဟူသမျှသည် အရှင်မြတ်အတွက်သာ ဖြစ်တော်မူ၏။)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။ ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောကမီးဖြင့်ပင် (အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်)လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည်လောကီမီးထက် အဆပေါင်း (၆၉)ဆသာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီးနှင့်ညီမျှ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
“စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ် ဝလာအိလာဟ အိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အဓိပ္ပါယ်- အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွက်ဆိုရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။ သာဝကကြီးများက ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကိုယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအားမတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ပစ္စည်းဥစ္စာကိုစားခြင်း၊ စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင် ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း