Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

18 of 253 cards

Clear filters
အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိ သံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။ အမ္မရ်ဗင်န်အာမိရ်က အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)အား အသင်တို့မည်သို့ပြုလုပ်ကြသနည်းဟု မေးမြန်းခဲ့ရာ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ ကျွန်တော်တို့ထဲမှ တစ်ဦးယောက်သည် ဝုဿွူမပျက်မချင်း ဝုဿွူတစ်ခုဖြင့်သာ လုံလောက်သွားပေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်တော်သည် အစ္စလာမ်သာသနာကို လက်ခံရန်ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာခဲ့သည်။ ထိုအခါ ကိုယ် တော်သည် ကျွန်တော့်အား ရေနှင့်ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်တော်သည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ ကိုယ်တော်၏သမီးသည် ကျွန်တော်၏ဇနီးဖြစ်နေသည့်အတွက် ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းရန် ရှက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မိက်ဒါဒ်ဗင်န် အတ်စ်ဝဒ်အား မေးမြန်းခိုင်းသည်။ ၎င်းကကိုယ်တော်အား လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိ၏အရှက်အင်္ဂါအားဆေးကြောပါ။ ဝုဿွူပြုလုပ်ပါ။ ဗုခါရီကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ အသင် ဝုဿွူပြုပါ။ သင့်အရှက်အင်္ဂါအား ဆေးကြောပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို) တစ်ကြိမ်စီ (ဆေးကြောတော်မူသည်)။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း