Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

1 of 253 cards

Clear filters
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာဗိသ်ဗင်န်ကိုင်းစ်အား ရှာမတွေ့ဖြစ်ခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ကိုယ်တော့်အတွက် ၎င်း၏သတင်းကိုယူလာပါမည်ဟု လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် စာဗိသ်ထံသို့ ရောက်သွားသောအခါ စာဗိသ်သည်ခေါင်းငိုက်စိုက်၍ ထိုင်နေသည်ကိုတွေ့သဖြင့် အသင့်အခြေအနေ မည်သို့ရှိပါသနည်းဟုမေးမြန်းခဲ့သည်။ စာဗိသ်က (ကျွန်တော့်အခြေအနေသည်)ဆိုးရွားပါသည်ဟု ဖြေကြားခဲ့သည်။ ၎င်းသည် မိမိ၏အသံကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အသံထက်ပိုကျယ်လေ့ရှိသည့်အတွက် မိမိ၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးသွားပြီး မိမိသည်ငရဲသားတို့အနက်မှဖြစ်သွားပြီ(ဟုထင်မှတ်ခဲ့ပေသည်။) ၎င်းနောက် ထိုပုဂ္ဂိုလ်သည် တမန်တော်မြတ်ထံလာရောက်၍ စာဗိသ်က ဤကဲ့သို့ ပြောဆိုကြောင်း လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် ကြီးကျယ်လှသည့်သတင်းကောင်းကို ယူဆောင်ကာ ဒုတိယအကြိမ် ပြန်သွားခဲ့လေသည်။ ကိုယ်တော်က မိန့်ကြားတော်မူလိုက်သည်မှာ- အသင်သည် ငရဲသားတို့အနက်မှမဟုတ် သုခဘုံသားတို့အနက်မှဖြစ်သည်ဟု စာဗိသ်ထံသွား၍ ပြောလိုက်ပါလေ။
صحيح متفق عليه